Main menu

Background

ရက်သတ္တပတ်အတွင်း စီးပွားရေးသတင်းတိုများ

Wed, 06/17/2015 - 20:42 -- journal_editor

ဟနွိုင်း
ဗီယက်နမ်နိုင်ငံ တစ်ဝန်းလုံး မှာ ဇီဝဒီဇယ်E 5 RON 92 ကို တိုးမြှင့်ဖြန့်ဖြူးသုံးစွဲ  သွားနိုင်ဖို့ အမိန့်ပေးထားပြီး  ဖြစ်ကြောင်း၊ ယခုနှစ်ပထမနှစ်ဝက်မှာ လုပ်ငန်း ဆောင်ရွက်အကောင်အထည်ဖော် နိုင်မှုအခြေအနေကို လေ့လာသုံး  သပ်တဲ့ အစည်းအဝေးမှာ ဗီယက် နမ်နိုင်ငံ    ဒုတိယဝန်ကြီးချုပ် ဟောင်ထရန်ဟိုင်းက ဇွန်လ ၉ ရက်ကပြောကြားခဲ့တာကို ကိုးကား ပြီး VNS သတင်းမှာ  ဖော်ပြပါ တယ်။
ဘာလင်
ဂျာမနီအစိုးရအနေဖြင့် ဂရိ နိုင်ငံ ဒေဝါလီခံရပါက  ဆောင်ရွက် မည့်ကိစ္စများအတွက် ''ခိုင်မာတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ'' ကိုဆောင်ရွက် လျက်ရှိကြောင်းနဲ့ ထိုသို့ညှိနှိုင်းမှု တွေထဲမှာ ဂရိနိုင်ငံရဲ့  မတည်ရင်း နှီးငွေတွေ  ထိန်းချုပ်ရေးကိစ္စများ လည်းပါဝင်ကြောင်း ဇွန်လ ၁၂ ရက်ကထုတ်ဝေတဲ့ ဂျာမန်သတင်း စာ Bild မှာ ဖော်ပြပါတယ်။
အေသင်
ဇွန်လအကုန်မှာ    ဂရိနိုင်ငံ ကြွေးမြီပေးဆပ်မှုပျက်ကွက်မှာကို ကာကွယ်နိုင်ဖို့ ဆောင်ရွက်ရမယ့် အချိန် သိပ်မရှိတော့တဲ့အတွက် ဇွန်လ  ၁၈ ရက်မှာ ကျင်းပမယ့် ယူရိုဇုန် ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ သူရဲ့ မြီရှင်တွေနဲ့  သဘောတူညီမှုရလိမ့်မယ်လို့ ဂရိ နိုင်ငံကမျှော်လင့်ကြောင်း ဂရိနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီး အလက်ကို ဖလာဘာရာရစ်ရဲ့ ဇွန်လ ၁၂ ရက် နေ့က ပြောကြားချက်ကို ကိုးကား ပြီး ရိုက်တာသတင်းမှာ ဖော်ပြပါ တယ်။
တိုကျို
ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ် လုပ်မှုမှာ ကနဦးခန့်မှန်းချက်ထက် ကျော်လွန်ပြီး ဧပြီလမှာ လအလိုက် နှိုင်းယှဉ်ပါက ၁ ဒသမ ၂ ရာခိုင် နှုန်းတိုးတက်ခဲ့ရာ မူလခန့်မှန်းထား တဲ့ တစ်ရာခိုင်နှုန်းထက်သာလွန်ပြီး သုံးလအတွင်း   ပထမဆုံးအကြိမ် အဖြစ်   တိုးတက်ခဲ့ကြောင်း  reenews သတင်းမှာ ဖော်ပြထားပါ တယ်။