Main menu

Background

စင်ကာပူအက်စ်အမ်အီးများ ဖွံ့ဖြိုးရေးအတွက် ပြည်ပကို ခြေလှမ်းလှမ်းသင့်

Thu, 06/25/2015 - 18:50 -- journal_editor

လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်ကာပူအသေးစားနဲ့   အလတ်စားစီးပွားရေး လုပ်ငန်း (အက်စ်အမ်အီး) တွေက ကျန်ကမ္ဘာ့ဈေး ကွက်တွေနဲ့ အတွေ့အထိရှိဖို့စဉ်းစားသင့်ကြောင်း စထရိတ်တိုင်းသတင်း မှာ ဖော်ပြ ထားပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် နယ်စပ်ချိတ် ဆက်မှု နဲ့ အင်တာနက်ကိုအသုံးပြုဖို့လိုအပ်ကြောင်း Bian Soon Trading Co., ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ မစ္စတာဗစ်တာလီယံက ပြောပါတယ်။ သူရဲ့ သယ်ယူ ပို့ဆောင်ရေးနဲ့   ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းက စင်ကာပူနိုင်ငံမှာ ချီးမြှင့်တဲ့ SME 100  ဆုကိုရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။အာရှစီးပွားရေးလုပ်ငန်းများအတွက်   ထုတ် ဝေတဲ့SME  Magazine က ကြီးမှူးကျင်းပတဲ့ ဒီဆု တွေက အလျင်အမြန်ဆုံးနှုန်းနဲ့ဖွံ့ဖြိုးလာတဲ့ အက်စ် အမ်အီးတွေကို ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။  ဇန်နဝါရီ လကနေ မေလအထိ စက်မှုလုပ်ငန်း ၂၀ထဲမှာရှိတဲ့SME ၅၀၀ ကိုအကြမ်းဖျဉ်းရွေးချယ်ပြီးနောက်ဆုရရှိ သူတွေ ကြေ ညာပေး ခဲ့တာ ဖြစ်ပါတယ်။ ဆုရတဲ့ လုပ်ငန်းတွေကို  ဆုတံဆိပ်နဲ့အသိအမှတ်ပြုလက်မှတ် တွေ ထုတ်ပေးပါတယ်။ဒီလိုဆုတံဆိပ်မျိုးကို အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာလည်း  ရွေးချယ်ပြီး ချီးမြှင့်ထားတဲ့ အတွက် စင်ကာ ပူ ရဲ့ ရည်ရွယ်ချက်က စင်ကာပူရဲ့ အက်စ်အမ်အီးတွေကို ပြည်ပမှာရှိတဲ့ အက်စ်အမ် အီးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ ဖြစ်ပါ တယ်။''ဒီဆုကိုရရှိတာက ကုမ္ပဏီအတွက်ထူးခြားတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ဒီလို ရရှိတဲ့ အတွက် ကျွန် တော်တို့ ကိုယ့်ကိုယ်ကိုစိတ်ချယုံကြည်မှုရှိပြီး ကျွန် တော်တို့ရဲ့ အနေအထားကိုလည်း ယုံကြည်စိတ်ချ နိုင်ပါတယ်''လို့ မစ္စတာလီယံက ပြောပါတယ်။အက်စ်အမ်အီးတွေက ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးမှု ထက်ကျော် လွန်ပြီး    နယ်နိမိတ်ဖြတ်ကျော်   သွားနိုင်တဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေရှိအောင်  ဆောင် ရွက်ဖို့လိုကြောင်း ှနြ မဂ္ဂဇင်းကို ထုတ်ဝေသူဘိဇနက် မီဒီယာအင်တာနေရှင်နယ်ရဲ့  အထွေထွေ မန်နေဂျာမစ္စတာဗင်ဆင့်တန်က ပြောပါ တယ်။ စင်ကာပူနိုင်ငံမှာ အက်စ်အမ်အီးတွေက ကုန် ထုတ်လုပ်မှုရဲ့ထက်ဝက်ကို  အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး  အလုပ်အကိုင် ၇၀ ရာခိုင်နှုန်းကို ဖန်တီးပေးပါတယ်။