Main menu

Background

စင်ကာပူနှင့်တောင်ကိုရီးယားနိုင်ငံတို့မှ စီးပွားရေးအဖွဲ့အစည်းများရန်ပုံငွေကြေး ထောက်ပံ့မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Fri, 10/09/2015 - 18:04 -- journal_editor

       စင်ကာပူနိုင်ငံအခြေစိုက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေ အဖွဲ့အစည်းတစ်ရပ်ဖြစ် သော Adval Capital လီမိတက်နှင့် ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း Korea Venture Investment Corpor - ation (KVIC) တို့သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် SMEs လုပ်ငန်းများအား ရန်ပုံငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာတစ်စောင်ကိုလက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ စာချွန်လွှာအရ တောင်ကိုရီးယား နှင့်စင်ကာပူနိုင်ငံတို့ရှိ     အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း (SMEs) များအား အထောက်အပံ့ပြုရန်အတွက် အမေရိကန် ဒေါ်လာသန်း ၄၀ တန်ဖိုး ရှိသော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အစီအစဉ်ကို ၂၀၁၆ ခုနှစ် ပထမသုံးလပတ်အတွင်း ထူထောင် မည်ဖြစ်ပါသည်။ ယခုလက်မှတ်ရေးထိုးမှုမှာ တတိယအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ် ရန်ပုံငွေအစီအစဉ်ကို၂၀၁၅ ခုနှစ်မေလတွင်လည်းကောင်း၊ ဒုတိယ အကြိမ်ကိုစက်တင်ဘာလ၌ လည်းကောင်း အမေ ရိကန်ဒေါ်လာ ၁၀ သန်း စီဖြင့် ထူထောင်ခဲ့ပါသည်။ တူဒေးသတင်းဌာန၏  ဖော်ပြချက်အရ ကိုရီးယားကုမ္ပဏီလေးခုသည် ဒီဂျစ် တယ် အချက်အလက်များဖန်တီးမှု၊ ဖြန့်ဖြူးမှုနှင့်အသုံးချမှုဆိုင်ရာလုပ်ငန်းရပ်များကို အာဆီယံဒေသ အတွင်းတိုးချဲ့ဆောင်ရွက်ရန်အတွက် ပထမ အကြိမ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း ရယူခဲ့ပြီးဖြစ်ကြောင်း၊ အလားတူလုပ်ငန်းဆောင်ရွက်သည့် စင်ကာပူကုမ္ပဏီတစ်ခုသည်လည်း ရန်ပုံငွေရယူနိုင်ရန် ဆက်သွ ယ်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ဒုတိယအကြိမ် ရန်ပုံငွေအစီအစဉ်မှလည်း သတင်း အချက်အလက်နည်းပညာနှင့်ယဉ် ကျေးမှုဆိုင်ရာလုပ်ငန်း လုပ်ကိုင်သူ များအား ငွေကြေးအရင်းအနှီးများပေးအပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။
        နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို တောင်ကိုရီးယားနိုင်ငံ အစိုးရ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုအဖွဲ့ အစည်းဖြစ်သော KVIC ၏ စင်ကာပူ ရုံးခွဲ ဖွင့်လှစ်ပွဲနှင့်အတူတစ်ပါတည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ရုံး ခွဲ၏ အကြီးအကဲ ကင်မ်ဆန်ဆူးက ယခုကဲ့သို့ KVIC ၏ ရုံးခွဲဖွင့်လှစ်ဆောင်ရွက်ခြင်းမှာ ကိုရီးယားလုပ်ငန်း ရှင်များအနေဖြင့်စင်ကာပူ၌ ရင်းနှီး မြှုပ်နှံမှုပြုရန် စိတ်အားထက်သန်မှုကို ပြသရာရောက်ကြောင်း၊ ၎င်းတို့အနေ ဖြင့် အ နာဂတ်ကာလ၌ စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား အခြားသော အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများတိုးတက်ရေးကို တွန်းအားပေးမောင်းနှင်ရန်အတွက် ရန်ပုံငွေအစီအစဉ်များ ပိုမိုထူထောင် ရန် မျှော် မှန်းထား ကြောင်းဖြင့် ပြောကြားပါသည်။ KVIC ၏ လုပ်ငန်းရပ်များကိုကြီးကြပ် ဆောင်ရွက်ရသည့်  တောင်ကိုရီးယား နိုင်ငံအသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ စီမံခန့်ခွဲမှုအေဂျင်စီ (SMBA) မှ MrJungwha Han ကလည်း ကိုရီးယား SMEs များအနေဖြင့် အင်ဂျင်နီယာနှင့်နည်းပညာရပ်များကို အလေးပေးလုပ်ကိုင်မှုရှိသော်လည်း စီမံခန့်ခွဲမှုနှင့် ဈေးကွက်ချဲ့ထွင်မှုတို့တွင် အတွေ့အကြုံ နည်းပါးကြောင်း၊ကိုရီးယားကုမ္ပဏီများသည် စင်ကာပူရှိ လုပ်ငန်းကွန်ရက်အချိတ်အဆက်များမှ ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောဆိုပါသည်။
      စင်ကာပူနိုင်ငံရှိရုံးခွဲသည် KVIC ၏ တတိယမြောက် ဖွင့်လှစ်သော ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးခွဲ ဖြစ်ပါသည်။ ယခုလက်မှတ်ရေးထိုးသည့် စာချွန်လွှာအရ တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံ၌ လုပ်ငန်း တိုးချဲ့ဆောင်ရွက်မှုတွင် ရန်ပုံငွေကြေးများရရှိမည့်နည်းတူစင်ကာပူရှိ SMEs လုပ်ငန်းများသည်လည်း တောင်ကိုရီးယားနိုင်ငံ၌ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် အထောက်အပံ့ များ ရရှိနိုင်မည်ဖြစ်ပါသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့