Main menu

Background

ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ်နိုင်ငံတို့ International Energy Charter အား လက်မှတ်ရေးထိုးကြမည်

Tue, 10/20/2015 - 20:44 -- journal_editor

          စွမ်းအင်ရောင်းလိုအားနှင့် ဝယ်လိုအား အာမခံချက် တိုးတက်လာစေရန်၊ စွမ်းအင်ကွင်းဆက် (Energy Chain)တစ်ရပ်လုံး၏ စွမ်းဆောင်ရည် အမြင့်ဆုံးသို့ ရောက်ရှိစေရန်၊ စွမ်းအင်ဖူလုံရေးကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ပ တ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ အနည်းဆုံးဖြစ်စေရန် အဓိကရည်ရွယ်သော စွမ်းအင်ဆိုင်ရာ နိုင်ငံစုံသဘောတူညီချက်တစ်ခုဖြစ်သည့် International Energy Charter အား ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင် ငံတို့က ၂၀၁၅ ခုနှစ် အတွင်း လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း လက်မှတ်ရေးထိုးပြီးပါက အဆိုပါ နိုင်ငံများသည် International Energy Charter ၏  လေ့လာသူ (Observers) အဆင့်နိုင်ငံများ ဖြစ်လာမည်ဖြစ်ကြောင်း Ene -rgy Charter အတွင်းရေးမှူးရုံးက ပေးပို့လာသည့် သတင်းတစ်ရပ်အရ သိရှိရပါသည်။
          International Energy Charter အား အတည်ပြုလက်မှတ်ရေးထိုးပြီး သော သို့မဟုတ် လက်မှတ်ရေးထိုးပြီး သော ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ရှိပါ သည်။ Energy Charter အတွင်းဝန်ရုံးသည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ် ဆဲလ်မြို့ တွင် တည်ရှိပါသည်။

 

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့