Main menu

Background

ကိုရီးယားငွေစက္ကူတန်ဖိုး ပြန်လည်သတ်မှတ်ရန် လိုအပ်လျက်ရှိ

Tue, 10/20/2015 - 20:45 -- journal_editor

      ကိုရီးယားသမ္မတနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Lee Ju-yeol က စီးပွားရေး အခြေအနေမကောင်းသည့်အခိုက် ဝမ်ငွေကျုံ့မှုအန္တရာယ်ကိုပါ ရင်ဆိုင်နေရသဖြင့် ကိုရီးယားငွေစက္ကူတန်ဖိုး ပြန်လည်သတ်မှတ်ရန် (redenomination) လိုအပ်လျက်ရှိသည်ကို သတိပြုမိကြောင်း အမျိုးသား လွှတ်တော်က ဗဟိုဘဏ်အား စာရင်းစစ်ဆေးနေသည့် ကာလအတွင်း ပြောကြားခဲ့သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ယင်းသတ်မှတ်ချက်သည် ငွေစက္ကူ တန်ဖိုးပြန်လည် သတ်မှတ် ရန် ပထမဆုံးသော မှတ်ချက်တစ်ခု ဖြစ်ခဲ့သည်။
       အာဏာရပါတီမှ လွှတ်တော် အမတ်တစ်ဦးက ယင်းကဲ့သို့ ငွေစက္ကူ တန်ဖိုး ပြန်လည်သတ်မှတ်ရန် အချိန်ကောင်းဖြစ်ကြောင်း သို့မှသာ မှောင်ခိုစီးပွားရေးလုပ်ငန်းများကို ပွင့်လင်းအောင် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ထော က်ခံပြောကြားခဲ့သည်။ ငွေစက္ကူ တန်ဖိုးပြန်လည် သတ်မှတ်ခြင်းဆိုသည်မှာ ငွေကြေးတန်ဖိုးကိုမူပြောင်းလဲ မှု မရှိစေဘဲ၊ ငွေစက္ကူများ၏ face value မျက်နှာပြင်တွင် ရိုက်နှိပ်ထားသော တန်ဖိုးများ ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်သ ည်။

 

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့