Main menu

Background

စီးပွားရေးဖွံ့ ဖြိုးမှုနှုန်း နိမ့်ကျနေခြင်းကို အတိုးနှုန်း လျှော့ချခြင်းဖြင့် မကုစားနိုင်

Tue, 10/20/2015 - 20:52 -- journal_editor

          ဩစတြေးလျ စီးပွားရေး ပညာရှင်များ၏ ဆောင်ရွက်ချက်ကို လေ့လာ ကြည့်ခြင်းဖြင့် ကိုရီးယားစီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလေးလံနေခြင်းကို ကုစားရန်နည်းလမ်းများ ရှာဖွေသင့်ကြောင်း စီးပွားရေးပညာရှင်များအဖွဲ့ တစ်ဖွဲ့က အခိုင်အမာပြောကြားခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း တိုးတက်လာစေရန် အစိုးရ၏စီးပွားရေးဖွံ့ဖြိုးမှု လှုံ့ဆော်တွန်းအားပေး အစီအစဉ်ကိုသာ မှီခိုမနေဘဲ ကော်ပိုရေးရှင်းတစ်ခုချင်းစီ၏ တီထွင်ဆန်းသစ်မှု လုပ်ငန်း များကို အာရုံစိုက်သင့်ကြောင်း ယင်း စီးပွားရေးပညာရှင်အုပ်စုက ဆက်လက် ပြောကြားခဲ့သည်။
          ကမ္ဘာ့ငွေကြေးပြဿနာ(၂၀ဝ၈ ခုနှစ်) ဖြစ်ပွားခဲ့သည်မှာ တွန်းအားပေး ခုနစ်နှစ်ကြာပြီဖြစ်သော်လည်းKeynesians များ အပါအဝင် ကမ္ဘာ့ စီးပွားရေးပညာရှင်များသည် ယင်းငွေကြေးပြဿနာ၏ အဖြေကို ယခုထက်တိုင် ရှာဖွေေ ဖာ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေခြင်းအား အတိုးနှုန်းလျှော့ချ ပေးခြင်း၊ လုပ်ငန်းငယ်လေးများကို ငွေထုတ်ချေးပေးခြင်းတို့ဖြင့် ပြေလည်အောင် မဖြေရှင်းနိုင်ကြောင်း၊ ယင်းသို့ ငွေထုတ်ချေးေ ပးခြင်းသည် သေဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ကမ္ဘာမြေပေါ်တွင် ဆက်လက်လမ်းလျှောက်နေဆဲ တစ္ဆေသဖွယ်ဖြစ်နေသော စီးပွားရေးလုပ်ငန်းများကို အသက်သွင်းပေးနေခြင်းသာဖြစ်ကြောင်း၊ ယင်းအချက်သည် resource allocation ကို ပုံစံပျက်ယွင်းစေကြောင်း Kyung Hee University မှ ပါမောက္ခ Ahn Jae-wook က ပြောကြားခဲ့သည်။ အတိုးနှုန်း လျှော့ချပေးခြင်းသည် ရင်းနှီးမြှုပ်နှံမှု အလျှံပယ်ဖြစ်စေပြီး စီးပွားရေးပျက်ယွင်းမှုကိုသာ ဦးတည်ကြောင်း ဩစတြေးလျစီးပွားရေး ပညာရှင်များကလည်း ထောက်ခံပြောဆိုခဲ့ကြသည်။

 

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့