Main menu

Background

ကြိုတင်သဘောတူညီချက်နဲ့အညီ တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှ ရော်ဘာတန်ချိန်နှစ်သိန်းဝယ်ယူ

Thu, 01/07/2016 - 12:43 -- journal_editor

ဆိုင်နိုကင်မ်ဂရုပ်(Sinochem Group)သည် ထိုင်းရော်ဘာအာဏာပိုင် အဖွဲ့ထံမှ ရော်ဘာစိမ်းတန်ချိန် နှစ်သိန်းဝယ်ယူရန် သဘောတူလက်မှတ်  ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဆိုင်နိုကင်မ်ဂရုပ်သည် ၂၀၁၅ ခုနှစ်က လည်း ရော် ဘာ စိမ်းအများဆုံးမှာယူတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတစ်ခု  ဖြစ်ပါ တယ်။ ရော်ဘာစိမ်း တန်ချိန်နှစ်သိန်းဝယ်ယူမယ့်အကြောင်းကို တရုတ်နဲ့ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့် ပူးပေါ င်းဆောင် ရွက်ရေး  ဆွေးနွေးပွဲမှာ ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်ပြည်နယ်ကောင်စစ်ဝန်တို့ တွေ့ဆုံပြီး ထုတ်ပြန်ကြေညာ ပါတယ်။ထိုင်းဝန်ကြီးချုပ် က ထိုင်းနိုင်ငံတောင်ပိုင်း စီးပွားရေး ဧရိယာမှာ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း  ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ထိုဒေသဟာ ရော်ဘာအခြေခံပြီး အခြားကောက်ပဲသီးနှံများ စိုက်ပျိုးတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းချိန်မှာ ဆိုင်နိုကင်မ်ဂရုပ်သည် ရော်ဘာနဲ့ ဆီ အုန်းပင်များကို ဟက်တာ ၈၀၀၀၀ ကျော်မှာ  စိုက်ပျိုးထားပြီးဖြစ်ပါတယ်။ တရုတ်၊ ထိုင်းနဲ့ အနောက်အာဖရိကတို့မှာ ရော်ဘာစိမ်း ထုတ်လုပ်တဲ့စက်ရုံ ၂၂ ခုရှိပြီး နှစ်စဉ် တန်ချိန် ၇၀၀၀၀ ကျော် ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ရော်ဘာစိမ်း တန်ချိန် ၈၀၀၀၀ ကျော်  တင်ပို့နိုင်ခဲ့ပြီး  ကမ္ဘာ့ရော်ဘာဈေးကွက်ရဲ့ တတိယနေရာမှာ အခိုင်အမာရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်

။                                                                                             
CMK