Main menu

Background

ရှမ်းချင်း(ဥမ)များ ဈေးကွက်ကိုဝင်လာ

Thu, 06/18/2015 - 17:32 -- journal_editor

    မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့ ချင်း (ဥမ) တွေကို ဖော်လို့ရ လာတာကြောင့် ဈေးကွက်ကိုလည်း ဝင်လာပါပြီ၊ ဒါပေမယ့် ကလေးမြို့နယ်အတွင်းရှိ ဒေသအချို့တွေမှာလည်း မိုးရတဲ့ နေရာကရပြီး၊  တချို့နေရာတွေမှာတော့ မိုးမရ သေးဘူးလို့ သိရပါတယ်။ မိုးရတဲ့နယ်တွေက ဥမတွေသာ အဝင်ရှိနေသေးလို့ အဝင် ကလည်း သိပ်မများသေးပါဘူး၊ မိုးသာဆက်တိုက်ရွာလာမယ်ဆိုရင်တော့ ဥမတွေ လည်း ဒီဘက်ဝင်လာနိုင်ပါတယ်။ အခုလောလောဆယ်တော့ ဈေးကွက်မှာ ချင်း တက်တွေလည်း  ကုန်သလောက်ဖြစ်သွားတော့ ချင်း (ဥမ)  တွေက ဝင်လာသလောက် ပြန်ပြီး ရောင်းနေရတယ်လို့ သိရပါတယ်။ ဈေးပတ်သမားတွေကလည်း (ဥမ) ကို ပိုပြီးကြိုက်ကြတယ်လို့ ဆိုပါတယ်။ ချင်းတက်တွေကတော့  တစ်ပိဿာကို ၁၃၀၀ ကျပ်ဈေးနဲ့ ဈေးပိတ်သွားပါတယ်။ (ဥမ)ကလည်း ဝင်သလောက်အကုန် ရောင်းရ တယ်လို့ သိရပါတယ်။ ချင်း(ဥမ) အဖွင့်ဈေးကတော့ တစ်ပိဿာကို ၇၀၀ ကျပ်-၈၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း ပစ္စည်းလက်ကျန်သိပ်ပြီးမရှိတော့ပါဘူး၊ လှောင်လက်တွေကတော့ ချင်းခြောက်ကို ဝယ်ပြီး စုနေပါတယ်။ နည်းနည်းချင်းစီ စုထားပြီး ဝယ်လက်ရှိရင် ထုတ်ရောင်းလို့ အဆင်ပြေအောင် ဝယ်ထားကြတယ်လို့ လည်း သိရပါတယ်။ ချင်းခြောက်မှာလည်း အရည်အသွေး သိပ်မကောင်းတဲ့ အသား ပွခြောက် (အစိမ်းခြောက်)က တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိပြီး၊ ပစ္စည်းကောင်းရင် တော့ တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။     
ဧဧခိုင်-တောင်ကြီး