Main menu

Background

Communi Cast 2015 ပြပွဲနှင့်International ICT Exhibition ပြပွဲ ပြသမည်

Fri, 11/06/2015 - 16:07 -- journal_editor

ဂြိုလ်တုဆက်သွယ်ရေးဆိုင်ရာ နည်းပညာ ဟောပြောပွဲများပါဝင်သည့် Communi Cast  2015 ပြပွဲနှင့်International ICT Exhibition ပြပွဲ ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ရက်နေ့ အထိ ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိMyanmar Events Park  တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။CommuniCast 2015  ပြပွဲသည်  ဒုတိယ အကြိမ်မြောက်ပြသသည့်ပြပွဲ ဖြစ်ပြီး ယခုနှစ်တွင်မူ နိုင်ငံတကာမှ အိုင်စီတီဆိုင်ရာနည်းပညာကုမ္ပဏီ များ ပါ ပါဝင်ပြသမည့် hf International ICT Exhibi-tion   ပြပွဲကိုပါ ပူးတွဲကျင်းပမည် ဖြစ်သည်။ယခင်ပြသခဲ့စဉ်က ပြည်တွင်းတွင် လုပ်ကိုင် လျက်ရှိသော အိုင်စီတီကုမ္ပဏီ များသာလာရောက်ပြသရောင်းချခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင်မူ စင်ကာပူ၊ အိန္ဒိယ၊ကနေဒါနှင့်ထိုင်းနိုင်ငံ အပါအဝင်  နိုင်ငံပေါင်း ၂၂နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂၀ ကျော်တို့ ပါဝင်ပြသ ကြမည်ဖြစ်သည်။''လျင်မြန်စွာတိုးတက် ပြောင်းလဲ နေတဲ့မြန်မာနိုင်ငံရဲ့ အိုင်စီတီလုပ်ငန်း ကို အဆင့်မြင့် ကုန်စည်ပြပွဲမှာ ပါဝင် ပြသနိုင်ဖို့၊ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ မြန်မာ နိုင်ငံတွင်းက လုပ်ဖော်ကိုင်ဖက် တွေကို  လိုက်လျောညီထွေဖွံ့ဖြိုး  တိုး တက်လာအောင်   ကူညီပေးနိုင်မယ့် CommuniCast 2015   ပြပွဲကို  စီစဉ်သူ တွေနဲ့ အတူ နိုင်ငံတကာအခမ်းအနား မှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်။ အိုင်စီတီဟာ စီး ပွားရေးအတွက် အလွန်အရေးပါပြီး ကဏ္ဍများစွာမှ အခွင့်အလမ်းများကို ရရှိစေနိုင်ပါ တယ်''ဟု မြန်မာနိုင်ငံကွန် ပျူတာအသင်း၏ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောကြားခဲ့သည်။အဆိုပါပြပွဲတွင်Myanmar Satellite Forum  ကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး ဖိုရမ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နြဏ တွင် ပင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။