Main menu

Background

ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်းလေးထောင်ကျော်ရှိလာ

Thu, 01/07/2016 - 13:00 -- journal_editor

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၈၂၆ ဒသမ ၉၈၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်ကန်ဒေါ်လာ ၇၇၂၂ သန်းဝန်းကျင်နဲ့ သွင်းကုန် ကန်ဒေါ်လာ ၁၂၁၀၄ သန်းကျော်ဖြစ်ပါတယ်။ ထို့အတွက် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်း ၄၃၈၀ ကျော်ပြနေပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၀၃၂ သန်းကျော်လျော့နည်းခဲ့တာတွေ့ရပါ တယ်။ ပို့ကုန်လျော့နည်းရခြင်းမှာ ဆန်၊ ပြောင်း၊ နှမ်း၊ ပဲအမျိုးမျိုး (ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲကတ္တီပါ၊ ပဲဖြူလေး၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ မြေပဲဆံ) တို့အပို့ လျော့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ တစ်ဖက်မှာ ပင်လယ်ရေကြောင်း တင်ပို့မှုနဲ့ နယ်စပ်တင်ပို့မှုကို နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၁၁၂၁ သန်းလျော့နည်းခဲ့ပြီး နယ်စပ်ကုန်သွယ်မှုနည်းလမ်းနဲ့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၈၉ သန်းကျော် ပိုမိုခဲ့တယ်လို့သိရပါတယ်။ အုပ်စု အလိုက် ကြည့်မယ်ဆိုရင်လည်း လယ်ယာထွက်ကုန်အုပ်စု၊ သတ္တုတွင်း ထွက်အုပ်စုနဲ့ စက်မှုကုန်ချောအုပ်စုတို့ ယမန်နှစ်ကာလတူထက် လျော့နည်း တင်ပို့ခဲ့ပါတယ်။
သွင်းကုန်ပိုင်းကိုကြည့်လျှင် ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာ ၁၉၂ သန်းကျော် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုအုပ်စု တွင် သင်္ဘောနှင့် သင်္ဘောအပိုပစ္စည်းများ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ကိရိယာများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနဲ့ တပ်ဆင်ရေးပစ္စည်းများ၊ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်ပစ္စည်းများ၊ တွင်းထွက်သတ္တုမှအပ ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အုပ်စုတွင် သံနဲ့ သံမဏိပစ္စည်းများ၊ အခြားစက္ကူများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ သုတ်ဆေးပေါ လစ်များ၊ သတင်းစာစက္ကူများမှာ ကာလတူထက် ပိုမိုတင်သွင်းနိုင်ခဲ့တဲ့အတွက် လို့ သိရပါတယ်။