Main menu

Background

မုံရွာကုန်စည်ဒိုင်ဇွန်လဆန်းပဲဈေးကွက် အရောင်းမသွက်ဝယ်လက်အေးနေ

Tue, 06/07/2016 - 13:51 -- journal_editor

           မုံရွာကုန်စည်ဒိုင် ဇွန်လဆန်း ပဲဈေးကွက်မှာ ပြီးခဲ့တဲ့မေလကုန်ပတ် ကထက် ပဲအများစုမှာ ပုံမှန်အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးအသီး သီးကျဆင်းသွားတာ   တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒိုင်ကိုအဝင် သွက် ခဲ့ တဲ့   နွေပဲတီလည်း ယခုတစ်ပတ်မှာ ဒေသတွင်း မိုးရွာသွန်းမှု  ရှိခဲ့လို့ ပဲကောက် ပဲဆွတ် မလုပ်နိုင်တဲ့ အတွက်  ပဲအဝင်လျော့ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အနေ နဲ့ တရုတ်ပြည်အတွက် ဝယ်၊ သယ်၊  ပို့တိုက်ရိုက်သာဖြစ်ခဲ့ပြီး၊ မနှစ်ကလို အမြင့်ဈေးမျိုးမှန်းပြီး၊ လှောင်လက် အဝယ်မျိုးမရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ် ၃၀၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါ တယ်။ စိမ်းသေးကတော့ ဒိုင်မှာ အဝင် နည်း ပြီး တစ်တင်းကျပ် ၂၇၀၀၀ နဲ့ဈေး ငြိမ်ခဲ့ပါတယ်။ အရောင်းအဝယ်အနေ နဲ့ ယခုရက်သတ္တပတ်မှာ တစ်ရက် အိတ် ၇၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက် မှသိရပါတယ်။
             ယခုတစ်ပတ်ပဲစင်းငုံနီဈေးကွက် မှာ ဒေသခံကုန်သည်တွေ ရောင်းလို အားနည်းခဲ့သလို ရန်ကုန်၊ မန္တလေး  ကုန်သည်တွေရဲ့ ဝယ်လိုအားလည်း နည်းခဲ့တာကြောင့် ဈေးအေးကာ အရောင်းအဝယ်ပမာဏပါ   ကျဆင်း သွားတာတွေ့ရပါတယ်။  ယခုတစ်ပတ် ပေါက်ဈေးအနေနဲ့   တစ်တင်းကျပ်  ၄၇၇၀၀ အမြင့်ဆုံးနဲ့ တစ်တင်းကျပ် ၄၆၃၀၀  အထိ   အနိမ့်ဆုံးဈေးဖြစ်ပေါ် ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ် အနေနဲ့လည်း အရောင်းအဝယ် ဖြစ်တဲ့ ရက်မှာ အများဆုံး အိတ် ၁၀၀၀ မဖြစ် တဲ့ရက်မှာ အိတ် ၃၀၀၊ ၄၀၀ အထိ အေးသွားတယ်လို့ ဆိုပါတယ်။
            မတ်ပဲဈေးကွက်မှာလည်း ယခု တစ်ပတ်မှာ နယ်အဝင်ပါးခဲ့ပြီး၊ ပုံမှန် အဝယ်သာရှိခဲ့လို့  တစ်တင်း  ကျပ် ၅၃၀၀၀ မှ ကျပ်၅၄၀၀၀ အတွင်းဈေး ငြိမ်ခဲ့ကာ အရောင်းအဝယ်မသွက်ဘဲ တစ်ရက်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ် လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခု တစ်ပတ်မှာ ပြည်ပရောင်းတန်းဝင်ပဲ တွေ ဈေးအေးအရောင်းအဝယ်ပါးခဲ့ သလို ပြည်တွင်းသုံးဒေသသုံးပဲဈေး ကွက်မှာလည်း ဆက်လက်ဈေးငြိမ်ခဲ့ရာ  ပဲကြီးတစ်တင်း ကျပ် ၂၂၅၀၀၊ ကျပ် ၂၆၅၀၀၊ စွန်တာနီတစ်တင်းရိုးရိုး ကျပ် ၁၄၅၀၀၊ (ကသဲ) ကျပ် ၁၅၀၀၀၊ ပဲနီကြားလုံးတစ်တင်း ကျပ် ၁၅၃၀၀၊ ပဲပုပ်၊ ကျပ် ၁၈၀၀၀၊ ကျပ်၁၈၅၀၀ ၊ ပဲယင်းဝါ   တစ်တင်း  ကျပ် ၁၄၅၀၀၊ ပုဂံပဲတစ်တင်း ကျပ် ၁၄၅၀၀၊ ကျပ် ၁၆၀၀၀ ၊ မြေထောက်ပဲတစ်တင်းကျပ် ၁၅၀၀၀၊ ကျပ် ၁၇၀၀၀၊ ထောပတ် ပဲတစ်တင်း ကျပ် ၁၁၀၀၀ နဲ့လွန်းပြာ တစ်တင်း ကျပ် ၂၀၅၀၀ အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး   အရောင်း အဝယ် ပုံမှန်သာဖြစ်ခဲ့တယ်လို့ မုံရွာ ကုန်စည်ဒိုင်ေ ဈးကွက်မှ လေ့လာသိရှိရ ပါတယ်။

 

ထွန်းလှိုင်-မုံရွာ