Main menu

Background

ကြက်သွန်နီ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်

Tue, 06/07/2016 - 14:07 -- journal_editor

           ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လဆန်းမှ စတင် ၍ ဈေးကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင်  ထိပ်စ ကျပ် ၅၀၀၊ လတ်စ ကျပ် ၄၅၀၊ အနိမ့် ကျပ် ၃၇၀ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဝင်ရောက်ခဲ့ပါတယ်။
             ဆောင်းစိုက်(ပင် စိုက်) ကြက်သွန်နီ  ကနဦးအဖွင့်ဈေး မှာ ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် တစ်ပိဿာ ကုန် ကျစရိတ် ၂၇၅ ကျပ်၊  ကျပ် ၃၀၀ ၊ ၃၂၅ ကျပ်၊  ကျပ် ၃၅၀ တို့နဲ့နှိုင်းယှဉ်ပါက အကျိုးအမြတ် ဖြစ်ထွန်းမှုရှိ ခဲ့သော်လည်း မတ်ဒုတိယပတ်မှစ၍ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများ မှာ တဖြည်းဖြည်း  ဈေးကျဆင်းလာခဲ့ရာ ပင်ရင်းလက်ကား တစ်ပိဿာ ထိပ်စ  ကျပ် ၃၅၀၊  အလတ်စ ကျပ်၂၅၀ နှင့် အနိမ့်  ကျပ် ၂၀၀ ဈေးဖြင့် ဧပြီပထမ ပတ်အထိ ဈေးဆက်လက်ကျ ဆင်းခဲ့ပြီး ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများမှာ အရှုံးဘက်သို့ပါနေ၍ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ထွက်ရာ ဧပြီတွင်ပင်လျှင် တစ်နေ့လျှင် ပိဿာ ချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ခန့်သာ   အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။
             သြင်္ကန်အပြီး ဧပြီ တတိယပတ်တွင် ကြက်သွန်နီ ဈေး နှုန်းမှာ ပြန်လည်မြင့်တက်ခဲ့ပြီး ကနဦးဈေးဖြစ်သည့် ထိပ်စ တစ်ပိဿာကို  ကျပ်၅၀၀သို့ ပြန်လည်ရောက်ရှိပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်နေ့လျှင် ပိဿာချိန် ၄၀၀၀၀ မှ ၅၀၀၀၀ ရှိခဲ့ပါတယ်။ မေလအတွင်း ကြက်သွန်နီဈေးနှုန်းမှာ  ဆက်လက် မြင့်တက်လာရာ   ပင်ရင်းလက်ကားဈေးနှုန်းမှာ  တစ်ပိဿာ လျှင် ထိပ်စ ၅၅၅ ကျပ်မှ  ကျပ် ၅၈၀၊ လတ်စကျပ် ၄၅၀ မှ ကျပ်၅၀၀ ၊  အနိမ့်  ကျပ် ၃၅၀ မှ  ကျပ် ၄၀၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေ့စဉ် ပိဿာချိန် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဈေးအမြင့်နဲ့ အရောင်းအဝယ်သွက်ခဲ့ပြီး ကြက်သွန်နီ စိုက် တောင်သူများနဲ့ ကြက်သွန်နီသိုလှောင်သော ကုန်သည် များအနေဖြင့် ထိုက်သင့်သောအကျိုးအမြတ်  ရရှိနေကြောင်း သတင်းများရရှိပါတယ်။

 

ချယ်ရီမြင့်(ပခုက္ကူ)