Main menu

Background

ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို လာမည့်နှစ်တွင် စတင်ရောင်းချပေးမည်

Tue, 10/30/2018 - 12:56 -- journal_editor

       ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို လာမည့်နှစ် ဖေဖော်ဝါရီ လတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကျပ်တစ်ထောင်တန် အောင်ဘာလေသိန်း ထီလက်မှတ်များကို ဝယ်ယူရောင်းချလိုသူများနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ပါက အောင်ဘာလေ သိန်းဆုဌာနခွဲ (ရန်ကုန်) သို့လည်းကောင်း၊ မန္တလေး တိုင်းေ ဒသကြီး နယ်နိမိတ်အတွင်း နေထိုင်သူများအနေဖြင့် မန္တလေးရုံးခွဲသို့လည်းကောင်း၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝယ်ယူရောင်းချလိုသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး တွင် လျှောက် ထားနိုင်ကြောင်း သိရသည်။
အောင်ဘာလေထီလက်မှတ် ဝယ်ယူရောင်းချလိုသူများသည် အမှန် တကယ် ထီလုပ်ငန်းလုပ်ကိုင်သူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ နိုင်ငံ သားစိစစ်ရေးကတ်ပြား မူရင်းနှင့် အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ များ ကို နိုဝင် ဘာ ၁၆ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
  ထို့အပြင် ထီရောင်းချမည်ဆိုပါက ကျပ် ၅၀ဝ တန်ထီလက်မှတ် စာအုပ်များအတွက် လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေ အတွက်အရ ထီစာအုပ် တစ်အုပ်လျှင် အာမခံငွေ ကျပ်တစ်ရာနှုန်း၊ ကျပ် တစ်ထောင်တန် ထီစာအုပ်များ အတွက် တစ်အုပ်လျှင် ကျပ်နှစ်ရာနှုန်းဖြင့် သုံးလစာ ငွေကြိုပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။        

       ချောစု