Main menu

Background

မြန်မာ့ထောပတ်သီးများ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မည်

Mon, 01/07/2019 - 13:09 -- journal_editor

        မြန်မာထောပတ်သီးများ တရုတ် နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ် လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည် အချို့ဆီက သိရပါတယ်။ မကြာသေးခင် က မူဆယ်မြို့မှာ ပြုလုပ်တဲ့ ၁၇ ကြိမ် မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်စည် ပြပွဲမှာ သစ်သီးကုန်သည် အစုအဖွဲ့တွေ အနေနဲ့ တရုတ်ဘက်ကို ထောပတ်သီး တွေ တရားဝင်တင်ပို့နိုင်ရေး တရုတ် ဘက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ   မြန်မာနိုင်ငံက   ထွက်ရှိတဲ့ ထောပတ်သီးကို တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲ ရေးဝန်ကြီးဌာန (AQSIQ) မှာ စာရင်းမဝင် တဲ့အတွက် တရားမဝင်ဘဲဖြစ်နေပြီး တရားဝင်တင်ပို့နိုင်ခြင်း မရှိသေးပါ။ ဒါ့ကြောင့် လက်ရှိအချိန်အထိ တရုတ် ဘက်ကို ထောပတ်သီး တန်ချိန်များများ စားစား တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။
     မိမိတို့       ဌာနအနေနဲ့လည်း ထောပတ်သီးအပါအဝင် ကျန်တရားဝင် တင်ပို့ခွင့်မရသေးတဲ့ တစ်ရှူးငှက်ပျော၊  သံပုရာသီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ လျှော်ဖြူနဲ့ ဝဥတို့ကို တရုတ်နိုင်ငံဘက်သို့ တရားဝင်တင်ပို့ ခွင့်ရရှိဖို့ ယခုနှစ်ထဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံးထံ အကြောင်းကြားထား ပြီးဖြစ်ပါတယ်။ လက်ရှိ တရုတ်ဘက်သို့ တရားဝင် တင်ပို့ခွင့်ရရှိထားတဲ့ သစ်သီး တွေကတော့ မင်းကွတ်သီး၊ တောကြက် မောက်သီး၊  ကြက်မောက်သီး၊   လိုင်ချီး သီး၊ ဖရဲသီး၊ သခွားမွှေး  စတဲ့  သစ်သီး တွေဖြစ်တယ်လို့ သိရပါတယ်။
    ထောပတ်သီးကို ရှမ်းပြည်တောင် ပိုင်း၊ ဟိုပုံး၊ ပင်လောင်း၊ ရွာငံ၊ ကလော၊ ညောင်ရွှေ၊ ပြင်ဦးလွင်နဲ့ ချင်းပြည်နယ် တို့မှာ အများဆုံး စိုက်ပျိုးပြီးလက်ရှိမှာ ထိုင်း၊  ကမ္ဘောဒီးယားနှင့်  ဗီယက်နမ်၊ တရုတ်၊  ဟောင်ကောင်  စတဲ့နို င်ငံေ တွ ကို အဓိကတင်ပို့နေပြီး ယခုလက်ရှိဈေး ကွက်မှာ ဝယ်လိုအား ကောင်းပေမယ့်၊ တစ်ဘက်နိုင်ငံ၏ သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီမှုမရှိတာကြောင့် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရပါ တယ်။
မြန်မာနိုင်ငံမှ ဘဏ္ဍာနှစ်အလိုက် ထောပတ်သီးတင်ပို့မှုမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
ခင်မြနွယ် MYANTRADE (TIR)