Main menu

Background

ပြည်တွင်းရွှေဈေးမြင့်နေရာမှ အနည်းငယ်ကျလာ

Thu, 01/17/2019 - 15:56 -- journal_editor

ပြည်တွင်းရွှေဈေးနှုန်းသည်  နှစ်ဆန်းပိုင်းအတွင်း ဈေးအတက်အကျဖြစ် ပေါ်ခဲ့ပြီး ဈေးအနည်းငယ်ပြန်ကျလာကြောင်း  သတင်းရရှိသည်။၂၀၁၉ခုနှစ် နှစ်သစ်ကူးကာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၄၈၀ဝဝရှိခဲ့ရာ မှ  ဇန်နဝါရီလပထမပတ်တွင်တော့ ကျပ် ၁၀၄၅၀ဝဝသို့ ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ပြည်တွင်းရွှေဈေးက နည်းနည်းပြန်ကျသွားပေမယ့် ကျပ်ဆယ်သိန်းအထက် ပဲရှိနေသေးတယ်။ ဈေးဆက်တက်မယ့်အလားအလာတွေလည်း တွေ့နေရတယ်။ တရုတ်နှစ်သစ်ကူးနီးလာရင် ရွှေဈေးတက်လေ့ရှိတော့ ဈေးထပ်တက်ပြီး စံချိန်ချိုးသွားမလားစောင့်ကြည့်ချင်စရာပါ။ ကမ္ဘာ့ရွှေကလည်း အမြင့်တန်းမှာပဲ။ နောက် ထပ်လည်းတက်လာနိုင်ချေများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နိုင်ငံရေး လောကအခြေအနေကြောင့်   ဒေါ်လာညွှန်းကိန်းအပေါ် သက်ရောက်မှုရှိနေသလို ကမ္ဘာ့စီးပွားရေးအခြေအနေကလည်း  ထိုင်းမှိုင်းနေသလိုဖြစ်နေတော့  ဒေါ်လာ ကို အမြင့်တန်းဆီမြှင့်ပေးသလိုဖြစ်နေတယ်''ဟု   ပြည်တွင်းရွှေအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပြည်တွင်းရွှေဈေးကွက်တွင် ဇန်နဝါရီ ၇ရက်က  အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၁၀၄၉၅၀ဝရှိခဲ့ရာမှ ဇန်နဝါရီ ၈ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၄၆၀ဝဝသို့ ကျဆင်းခဲ့သလို  ဇန်နဝါရီ ၁၁ရက်တွင် ကျပ် ၁၀၄၅၀ဝဝဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့   ဇန်နဝါရီ၇ရက်တွင်  ရွှေတစ်အောင်စလျှင် ၁၂၉၁အမေရိကန်ဒေါ်လာရှိခဲ့ရာမှ    ဇန်နဝါရီ ၉ရက်တွင်  တစ်အောင်စလျှင် ၁၂၈၂အမေရိကန်ဒေါ်လာသို့  ကျဆင်းခဲ့သော်လည်း ဇန်နဝါရီ၁၁ရက်တွင် တစ် အောင်စလျှင် ၁၂၉၃အမေရိကန်ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရ သည်။                                          
  သန်းထိုက်အောင်