Main menu

Background

ပြည်မြေပဲဆန်စျေးကျပေမယ့် အရောင်းအ၀ယ်ပုံမှန်ရှိ

Thu, 10/15/2020 - 15:24 -- journal_editor

ပြည်စျေးကွက်သို့ ယခုအပတ်တွင် ပြည်-အောင်လံကြား​ကျေးရွာများနှင့် ပေါင်းတည်၊ ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ နေ့စဉ်အိတ် ၄၀၀-၅၀၀ ခန့်အ၀င်ရှိပြီး ၀င်သလောက် အရောင်းအ၀ယ်ဖြစ်တာ တွေ့ရပါတယ်။  ဆီဆန်ကို မြို့တွင်းဆီစက်များနှင့် မကွေးဆီစက်များကအ၀ယ်ရှိပြီး လုံးဆန်အနီကို အကြော်ဖိုသမားများအ၀ယ်ရှိပေမယ့် ယခင်အပတ်ကထက်စျေးကျလာပြီး  လုံးဆန်အဖြူကို ရန်ကုန်၊ မန္တလေး၀ယ်လက်သမားများကအ၀ယ်ရှိပေမယ့် စျေးငြိမ် နေတာတွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ လုံးဆန် အဖြူ တစ်ပိဿာလျှင် ၂၅၀၀ ကျပ် နှင့် လုံးဆန်အနီ တစ်ပိဿာလျှင် ၂၈၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)