Main menu

Background

ပေါ်ဆန်း၊ ပေါ်ကျွဲဆန်(ဟောင်း)၊ မတ်ပဲနှင့် ပဲပုပ်ဈေးတက်ပြီး ရော်ဘာဈေးကျလာသည့် မော်လမြိုင်ကုန်စည်ဒိုင်

Thu, 11/05/2020 - 14:41 -- journal_editor

၂၀၂၀ နိုဝင်ဘာ ၄ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ​ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၆၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်းကျပ် ၄၂၀၀၀၊ ပေါ်ကျွဲကျပ် ၃၅၀၀၀၊ ၂၀ ပိဿာ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၇၀၀၀၊ ပဲလွန်းဖြူ ကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၄၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက်ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက်ကားဈေးတစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက် ကုန် တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာ ငါးဒန် ကျပ် ၂၃၀၀၊ ငါးမြစ်ချင်း ကျပ် ၃၀၀၀၊ ငါးဖားမ ကျပ် ၂၃၀၀၊ တီလားဗီးရား ကျပ် ၃၃၀၀၊ ငါးပုတ်သင် ကျပ် ၄၅၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၆၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၀၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုစွန်ပျော့ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၇၀၀၀ မှ ၉၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ​ရော်ဘာတစ်ပေါင် ကျပ် ၂၀ ဈေးနှုန်းကျဆင်းနေပြီး ပေါ်ဆန်းဆန်တစ်အိတ်နှင့် ပေါ်ကျွဲဆန်တစ်အိတ်၊ ကျပ် ၁၅၀၀ ပဲမျိုးစုံမှ မတ်ပဲတစ်တင်း ကျပ် ၃၀၀ နှင့် ပဲပုပ်တစ်တင်း ကျပ် ၄၀၀ ဈေးနှုန်း မြင့်တက်နေကြောင်း၊ ရေထွက်ကုန်နှင့် သစ်သီးဝလံများ ဈေးနှုန်းတည်ငြိမ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန