Main menu

Background

မြေသြဇာတန်ချိန် ၄၀၀၀ နီးပါးတင်သွင်း

Thu, 11/19/2020 - 14:17 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၈၆၆၉၂ တန်ဖိုးရှိ မြေသြဇာ ၃၈၅၁ ဒသမ ၆၅ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ ၁၇၁၆ တန်၊ ပြင်သစ်နိုင်ငံမှ ၄၇ ဒသမ ၀၇ တန်၊ ဂျာမနီနိုင်ငံမှ ၈၄ ဒသမ ၀၃ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၆ တန်၊ ဂျပန်နိုင်ငံမှ ၂၀၄ ဒသမ ၈တန်၊ လာအိုနိုင်ငံမှ ၃၁၂ တန်၊ မလေးရှားနိုင်ငံမှ ၃၁၅ တန်၊ နော်ဝေနိုင်ငံမှ ၃၄၇ ဒသမ ၂ တန်၊ ပိုလန်နိုင်ငံမှ ၁၆၈ တန်နှင့် ထိုင်းနိုင်ငံမှ ၆၅၁ ဒသမ ၅၅ တန် တင်သွင်းခဲ့ကြောင်းသိရ သည်။

တင်သွင်းခဲ့သည့် အမျိုးအစားများမှာ အမိုးနီးယမ်းဆာလဖိတ်၊ ကွန်ပေါင်း(Three Circles) ၊ ဖလော်ရာ(ရွှေမတ်)၊ ပိုတက်၊ အော်ဂဲနစ်၊ ယူရီးယား(Gold Flower)၊ ကွန်ပေါင်း(၂၄:၇:၇)နှင့် တာဘိုစတားတို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာ တန်ချိန်  ၃၁၃၀၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၂၇၄၆၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။

သီတာဝင်း(DOT)