Main menu

Background

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၆၀၀၀၀ နီးပါး ကျော်တင်သွင်း

Thu, 11/19/2020 - 14:19 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၁၅၈၁၇၈၀ ဒေါ်လာ တန်ဖိုးရှိ ဒီဇယ် ၃၂၆၉၃ ဒသမ ၇၂ တန်နှင့် အမေရိကန်ဒေါ်လာ ၈၀၇၃၁၀၁ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၂၅၉၇၀ ဒသမ ၄၀ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၅၈၆၆၄ ဒသမ ၁၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၈၂၃၆၇ ဒသမ ၅၃ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၄၉၆၇၃ ဒသမ ၈၁ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၄၃၁၆၀ ဒသမ ၃၀ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှု နှင့်နှိုင်းယှဉ်လျှင် ၁၇၁၈၉ ဒသမ ၉၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်နှင့်ဓာတ်ဆီ အ၀င်လျော့နည်းခဲ့သည်။

သီတာဝင်း(DOT)