Main menu

Background

တင်ပို့မှုပိုပြီးဈေးငြိမ်နေသောမတ်ပဲ

Thu, 11/19/2020 - 15:04 -- journal_editor

နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၀၁၃ ဒသမ ၁၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅၉၅၆၂၅ ဒသမ ၉၉ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

         တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၁ နိုင်ငံရှိပြီး ဩစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ နီပေါ၊ ထိုင်း၊ တူရကီနှင့် ဗီယက်နမ် တို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၆၄၃၈ ဒသမ ၃၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၅၉၇၂၂ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ ဩစတြေးလျ ဖြစ်၍ တန်ချိန် ၂၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၂၆၀ ဖြစ်ကြောင်းသိရသည်။

            ယခင်အပတ်တင်ပို့မှုမှာတန်ချိန် ၇၉၆၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၅၉၄၆၂၃ ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၁၀၅၃ ဒသမ ၁၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ဝ၁၀ဝ၂ ဒသမ ၉၉ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

            မတ်ပဲတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၉၅၄ ဖြစ်ပြီး၊ ယခုအပတ်တွင် လဲအမေရိကန်ဒေါ်လာ ၉၅၄ ဖြစ်သောကြောင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

                                                                                                                           

စန်းစန်းမော်

(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)