Main menu

Background

တင်ပို့မှုလျော့ပြီးဈေးအနည်းငယ်ပိုလာသောနှမ်း

Thu, 11/19/2020 - 15:05 -- journal_editor

နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၄၀၅ ဒသမ ဝ၁၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၂၇၇၅ ဒသမ ၇၄ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

            တင်ပို့ခဲ့သောနိုင်ငံများမှာ ၅ နိုင်ငံရှိပြီး ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်၍ တန်ချိန် ၁၆၁ ဒသမ ဝ၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၄၀၇၅ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်၍ တန်ချိန် ၇၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၇၈၀ဝ ဖြစ်ကြောင်းသိရသည်။

            ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၅၀၉ ဒသမ ၄၃၈၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၆၉၅၀၅ ဒသမ ၇၆ ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၁၀၄ ဒသမ ၄၂၃ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၆၇၃၀ ဒသမ ဝ၂ လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်။

            နှမ်းတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၁၅၁၀ ဖြစ်ပြီး၊ ယခုအပတ်တွင်  အမေရိကန်ဒေါ်လာ ၁၅၁၃ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃ ပိုမိုခဲ့ကြောင်း သိရသည်။

                                                                                                                         

   စန်းစန်းမော်

(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)