Main menu

Background

မတ်ပဲတင်ပို့မှုပိုသော်လည်းဈေးကျ

Wed, 11/25/2020 - 14:04 -- journal_editor

နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၃၇၀၈ ဒသမ ၁၉၁၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၇၈၉၃၂၇ ဒသမ ၄၃ တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၂ နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊  နီပေါ၊ ထိုင်း၊ ကာတာ၊ ကနေဒါ၊ ဂျပန်၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၁၁၁၂၁ ဒသမ ၉၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃၆၃၀၅၇ ဒသမ ၉၄ ဖြစ်ပြီး အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ဂျပန်ဖြစ်၍ တန်ချိန် ၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၄၄ ဒသမ ၉၉ ဖြစ်ကြောင်းသိရသည်။

ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၉၀၁၃ ဒသမ ၁၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅၉၅၆၂၅ ဒသမ ၉၉  ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၄၆၉၅ ဒသမ ဝ၀၂၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၉၃၇၀ ဒသမ ၁၄၄ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

မတ်ပဲတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၉၅၄ ဖြစ်ပြီး၊ ယခုအပတ်တွင်အမေရိကန်ဒေါ်လာ ၉၃၃ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၁ ကျဆင်းခဲ့ကြောင်း သိရသည်။

စန်းစန်းမော်  (မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)