Main menu

Background

တင်ပို့မှုလျော့ပြီးဈေးကောင်းလာသောနှမ်း

Wed, 11/25/2020 - 14:05 -- journal_editor

နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၉ ဒသမ ၁၈၂၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂၇၆၅၀၁ ဒသမ ၁၂ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ၂ နိုင်ငံရှိပြီး  ထိုင်ဝမ်နှင့်စင်္ကာပူနိုင်ငံတို့ဖြစ်သည်။ အများဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်၍ တန်ချိန် ၉၃ ဒသမ ၂၃၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၆၃၁၅ ဒသမ ဝ၂ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့ သောနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်၍ တန်ချိန် ၇၅ ဒသမ ၉၄၇ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀၁၈၆ ဒသမ ၁၀ ဖြစ်ကြောင်းသိရသည်။

ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၄၀၅ ဒသမ ဝ၁၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၂၇၇၅ ဒသမ ၇၄  ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၂၃၅ ဒသမ ၈၃၃ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၆၂၇၄ ဒသမ ၆၂ လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်။

နှမ်းတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၁၅၁၃ ဖြစ်ပြီး၊ ယခုအပတ်တွင် ဲအမေရိကန်ဒေါ်လာ ၁၆၃၄ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂၁ ပိုမိုခဲ့ကြောင်း သိရသည်။

  စန်းစန်းမော်(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)