Main menu

Background

ယခုတစ်ပတ်နနွင်းစျေးတက်ခဲ့

Wed, 11/25/2020 - 14:37 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း နနွင်း တန် ၅၀ ကို အိန္ဒိယနိုင်ငံသို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က နနွင်း ၃၅ တန် တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် နနွင်း ၁၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန်အမေရိကန်ဒေါ်လာ ၁၀၈၀ ကျော်ရရှိခဲ့သည်။ ယခင်သီတင်းပတ်များက နနွင်းတစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၈၀၀ ၀န်းကျင်သာ ရရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ် နနွင်းစျေး တက်လာကြောင်းသိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ  ၅၄၃၅၇  ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။

 သီတာဝင်း(DOT)