Main menu

Background

ပြည်စျေးကွက်တွင် လုံးဆန်နီ နှင့် ဆီဆန်အနီစျေးအနည်းပြန်ကျလာ

Thu, 12/17/2020 - 13:53 -- journal_editor

ယခုအပတ် ပြည်စျေးကွက်တွင် မြေပဲဆန် လုံးဆန်နှင့်ဆီဆန် (အနီ) နှစ်မျိုးစလုံး စျေးကျလာ တာတွေ့ရပါတယ်။  မြေပဲဆန် (အဖြူ)သာယခင်အပတ်ကအတိုင်းစျေးငြိမ်နေပေမယ့် အရောင်းအ၀ယ်မှာ ပုံမှန်ဖြစ်လျှက်ရှိပါတယ်။  ၀င်ရောက်မှုမှာ လုံးဆန်ကို အိတ် (၂၀၀-၃၀၀)ခန့်အ၀င်ရှိသလို ဆီဆန်မှာ အိတ် (၃၀၀-၄၀၀) ခန့် ၀င်ရောက်လာတယ်လို့သိရပါတယ်။ ဆီဆန်ကို မြို့တွင်းဆီစက်များကအ၀ယ်ရှိလို့ အရောင်းအ၀ယ်ဖြစ်သလို လုံးဆန်ကိုရန်ကုန်နှင့်ပုသိမ် ၀ယ်လက်များက အ၀ယ်ရှိတာသိရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်အဖြူ မှာ တစ်ပိဿာလျှင် ၂၄၅၀ ကျပ်၊  လုံးဆန် အဖြူ တစ်ပိဿာလျှင် ၂၈၅၀ ကျပ်ဖြင့် ယခင်အပတ်ကလို စျေးငြိမ်နေပြီး၊ ဆီဆန်အနီမှာ ၂၃၀၀ ကျပ်နှင့် လုံးဆန်အနီမှာ ၂၇၀၀ ကျပ်ဖြင့် ယခင် အပတ်ထက်စာရင် စျေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။  

ဝေဝေမင်း(ပြည်)