Main menu

Background

ပြည်ကြက်သွန်နီ အစို့ပေါက်များကြောင့် စျေးနှုန်းများကျဆင်း

Thu, 12/17/2020 - 13:54 -- journal_editor

ယခုတစ်ပတ် ပြည်စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလျက်ရှိနေပါတယ်။ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ပျမ်းမျှလက်လီရော လက်ကားပါကျပ် ၁၅၀ခန့် ကျဆင်းသွားပါတယ်။ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းဘက်မှ ကြက်သွန်နီများ ပိဿာ (၃၀)၀င် အိတ် ၃၀၀ ပတ်လည်ခန့်နေ့စဉ်၀င်ရောက်မှုရှိနေပါတယ်။ ၀င်ရောက်လာတဲ့ ကြက်သွန်နီများမှာအစို့များထွက်၍ အရည်အသွေးမကောင်းသဖြင့် စျေးနှုန်းများချိုသာသော်လည်း အရောင်းအ၀ယ်မှာအေးနေပါတယ်။ အစို့များထွက်သဖြင့် အထားမခံသောကြောင့် အ၀ယ်မလိုက်ဘဲ  မဖြစ်မနေအသုံးပြုရသည့် အစားအသောက်ချက်ပြုတ်ရောင်းချသူများသာ ၀ယ်ယူလျက်ရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်အေးသဖြင့် ပြည်စျေးကွက်အတွင်း ပစ္စည်းလက်ကျန်လည်းများလျက်ရှိနေပါတယ်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/သေး) ကျပ် ၆၀၀/၅၀၀/ ၄၀၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင် (ကြီး/လတ်/သေး) ကြိုက်တာယူ ကျပ် ၇၀၀/၆၀၀ တို့ဖြင့် အသီးသီးရောင်း၀ယ်မှုရှိနေကြောင်းသိရပါသည်။

၀င်းလဲ့ဝါ (ပြည်)