Main menu

Background

နနွင်းပြန်လည်တင်ပို့

Thu, 12/17/2020 - 14:37 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း နနွင်း ၅၂၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။  ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၄၀၊ မလေးရှားနိုင်ငံသို့ ၁၆ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၁၂ ဒသမ ၅ တန်နှင့် အိန္ဒိယနိုင်ငံသို့ ၃၅၅ တန် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က အပို့ပျောက်ခဲ့သည့်နနွင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့အများဆုံးတင်ပို့ခဲ့သည်။ နနွင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၀၇၅-၁၁၀၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၃၅၅၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။

သီတာဝင်း(DOT)