Main menu

Background

ချင်းတန်ချိန် ၂၀၀ ကျော်တင်ပို့

Thu, 12/17/2020 - 14:40 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း ချင်း ၂၁၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ ၅၄ တန်၊ အိန္ဒိယနိုင်ငံသို့ ၂၂ တန်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ၁၃၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ချင်း ၂၆ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ချင်း ၁၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ချင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၈၅၀-၉၀၀ ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈၆၅၀၀ ဒေါ်လာ ရရှိခဲ့သည်။

သီတာဝင်း(DOT)