Main menu

Background

ယခုတစ်ပတ်မြေသြဇာတန်ချိန် ၈၀၀၀ နီးပါးသာတင်သွင်း

Thu, 12/17/2020 - 14:41 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၂၀၄၇၃ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၇၉၆၁ ဒသမ ၀၂၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၁၅၁၂ ဒသမ ၅ တန်၊ တရုတ်နိုင်ငံမှ ၂၂၁၇ ဒသမ ၄ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၈၀ တန်၊ အိန္ဒိယနိုင်ငံမှ သုည ဒသမ ၀၀၃၂၆ တန်၊ ကိုရီးယားနိုင်ငံမှ ၁၅၃၁ ဒသမ ၁၂ တန်၊ မလေးရှားနိုင်ငံမှတန်ချိန် ၁၂၅၀ နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၇၀ တင်သွင်းခဲ့ကြောင်းသိရသည်။

တင်သွင်းခဲ့သည့် အမျိုးအစားများမှာ ပိုတက်၊ အမိုးနီးယားဆာလဖိတ်၊ စူပါဖော့စပိတ်၊ ကွန်ပေါင်း(Yellow Colour)၊ ကွန်ပေါင်း(၁၅:၁၅:၁၅)၊ ကွန်ပေါင်း (၁၆:၁၆:၈)၊ အော်ဂဲနစ်(Vedagro ) နှင့် ယူရီးယား၄၆%(Swallow)တို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာတန်ချိန် ၁၄၀၀၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၆၀၄၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

သီတာဝင်း(DOT)