Main menu

Background

နို့ဆီတန်ချိန် ၆၀၀ကျော်နှင့်နို့မှုန့်တန်ချိန်၂၀ ကျော်တင်သွင်း

Thu, 12/17/2020 - 14:42 -- journal_editor

ဒီဇင်ဘာ ၆  ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၁၄၁၁၂ ဒေါ်လာ တန်ဖိုးရှိ နို့ဆီ ၆၃၃ ဒသမ ၃၈၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ ၁၉၅ ဒသမ ၆၂၄ တန်နှင့် စင်ကာပူနိုင်ငံမှ ၄၃၇ ဒသမ ၇၆ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။

တင်သွင်းခဲ့သည့်တံဆိပ်များမှာ တီးပေါ့(ပ်)၊ အိုကေ၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ ၃၂၈ ဒသမ ၃၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၀၅ ဒသမ ၀၆၄ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ ၆၅၁၆၀ ဒေါ်လာတန်ဖိုးရှိ နို့မှုန့် ၂၀ ဒသမ ၉၂ တန်ကို တင်သွင်းခဲ့သည်။ ယခုတစ်ပတ် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က နို့မှုန့်တင်သွင်းမှုမရှိခဲ့ဘဲ ယခုတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့ကြောင်း သိရသည်။

သီတာဝင်း(DOT)