Main menu

Background

တင်ပို့မှုပိုပြီးဈေးအနည်းငယ်တက်လျက်ရှိသောမတ်ပဲ

Fri, 12/18/2020 - 11:06 -- journal_editor

ဒီဇင်ဘာလ ၆ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၃၈၉၆ ဒသမ ၁၈၄ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၄၅၇၄၆၀ ဒသမ ဝ၁ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၄ နိုင်ငံရှိပြီး ယူနိုက်တက်ကင်းဒမ်း၊စင်ကာပူ၊သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပြင်သစ်၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊  အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့်တောင်အာဖရိကနိုင်ငံတို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၉၉၆၆.၄ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၇၇၈၄၉၅ ဒသမ ၃  ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်၍ တန်ချိန် ၁၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀၆၅ ဖြစ်ကြောင်းသိရသည်။

ယခင်အပတ်တင်ပို့မူမှာ တန်ချိန် ၅၅၈၁ ဒသမ ၆၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၉၇၅၀၉ ဒသမ ၉၇ ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၈၃၁၄ ဒသမ ၅၃၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၄၆၉၉၅၀ဒသမ ဝ၄ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

မတ်ပဲတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၈၉၃ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၈၉၆ဖြစ်သောကြောင့်ဈေးနှုန်းအမေရိကန်ဒေါ်လာ ၃ပိုခဲ့ကြောင်း သိရသည်။

 စန်းစန်းမော်(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)