Main menu

Background

တင်ပို့မှုပိုပြီးဈေးအနည်းငယ်ကျလာသောနှမ်း

Fri, 12/18/2020 - 11:08 -- journal_editor

ဒီဇင်ဘာလ၆ရက်မှ ၁၂ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၄၄၅ ဒသမ ဝ၇၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၂၈၇၂၅ဒသမ ၈၄ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ငါးနိုင်ငံရှိပြီး  ဂျပန်၊တရုတ်၊ထိုင်း၊ထိုင်ဝမ်နှင့်စင်ကာပူနိုင်ငံတို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်ပြီး တန်ချိန် ၂၂၇ ဒသမ ၂၀၃ ၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၄၃၀၁၂ ဒသမ ၃၄  ဖြစ်ပြီး အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကာ တန်ချိန် ၁၈ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၀ဝ၀ ဖြစ်ကြောင်းသိရသည်။

ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၃၄၈ ဒသမ ၇၈၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ၅၇၃၇၈၇ ဒသမ ၇၉   ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၉၆ ဒသမ ၂၈၉ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၄၉၃၈ ဒသမ ဝ၅ ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။

နှမ်းတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၁၆၄၅ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၁၆၃၇ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ (၈)ဒေါ်လာကျဆင်းခဲ့ကြောင်း သိရသည်။ 

စန်းစန်းမော် (မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)