Main menu

Background

ဒီဇင်ဘာလအတွင်း မူဆယ်မှတရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Fri, 12/18/2020 - 11:26 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာ ဒီဇင်ဘာလ(၈.၁၂.၂၀၂၀ မှ ၁၄.၈.၂၀၂၀)ရက်နေ့အတွင်း ဖရဲသီးတင်ပို့မှု၈၀၉ စီး၊ ၁၁၇၃၈ ဒသမ ၅၀ တန်နှင့် သခွားမွေး ၆၀ စီး၊ ၆၁၈.ဝ၀ တန်တင်ပို့နိုင်ခဲ့ပါသည်။

သစ်သီးဝလံတင်ပို့မှုမှာ ဒီဇင်ဘာလပထမပတ်တွင် ဖရဲသီးတင်ပို့မှု ၆၇၆၀ ဒသမ ၅၀ တန်နှင့် သခွားမွေးတင်ပို့မှု ၃၅၅ ဒသမ ၅၀ တန်တင်ပို့ပါသဖြင့် ဒီဇင်ဘာလဒုတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၄၉၇၈.ဝ၀ တန်နှင့် သခွားမွေး တင်ပို့မှုတွင် ၂၆၂ ဒသမ ၅၀ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါသည်။

ဒီဇင်ဘာလပထမပတ်တွင်  ဖရဲအကြားသီးတစ်တန်ယွမ် ၂၂၀ဝ မှ ၇၂၀ဝ၊ ဖရဲဝိုင်းကြားသီးတစ်တန် ယွမ် ၂၂၀ဝ မှ ၇၅၀ဝ၊ အစေ့မဲ့ဖရဲတစ်တန် ယွမ် ၃၀ဝ၀ မှ ၇၈၀ဝ ဈေးနှုန်းရှိရာမှ (၁၁.၁၂.၂၀၂၀) ရက်နေ့တွင် ဖရဲအကြား သီးတစ်တန်ယွမ် ၂၂၀ဝ မှ ၇၄၀ဝ၊ ဖရဲအဝိုင်းကြားသီးတစ်တန် ယွမ် ၂၂၀ဝ မှ ၇၈၀ဝ၊ အစေ့မဲ့ဖရဲတစ်တန် ယွမ် ၃၀ဝ၀ မှ ၈၀ဝ၀ သို့ဈေးနှုန်းတက်လာပြီး၊ (၁၃.၁၂.၂၀၂၀)ရက်နေ့တွင် ဖရဲအကြားသီးတစ်တန်ယွမ် ၂၂၀ဝ မှ ၇၀ဝ၀ ၊ ဖရဲ အဝိုင်းကြားသီး(၁)တန်(၂၂၀ဝ မှ ၇၅၀ဝ)ယွမ်၊ အစေ့မဲ့ဖရဲ တစ်တန် ယွမ် ၂၈၀ဝ မှ ၇၈၀ဝ ဈေးနှုန်းသို့အနည်းငယ်ပြန်ကျသွားပါသည်။ (၁၄.၁၂.၂၀၂၀)ရက်နေ့တွင် ဖရဲအကြားသီးတစ်တန် ယွမ် ၂၂၀ဝ မှ ၆၅၀ဝ၊ အစေ့မဲ့ဖရဲတစ်တန် ယွမ် ၂၈၀ဝ မှ ၇၅၀ဝသို့ ဈေးနှုန်းအနည်းငယ်ထပ်မံကျဆင်းသွားပါသည်။ သခွားမွေးဈေးနှုန်းမှာတစ်တန်ယွမ် ၃၀ဝ၀ မှ ၇၈၀ဝ မှ (၁၁.၁၂.၂၀၂၀)ရက်နေ့တွင် တစ်တန် ယွမ် ၃၀ဝ၀ မှ ၈၀ဝ၀ သို့အနည်းငယ်တက်လာပြီး (၁၃.၁၂.၂၀၂၀) ရက် နေ့တွင် တစ်တန် ၃၀ဝ၀ မှ ၈၂၀ဝ ထိ ရောင်းရပါသည်။ ငွေဈေးနှုန်းမှာတစ်ယွမ်လျှင် မြန်မာငွေ ၂၀၈ ကျပ်ဝန်းကျင် ဖြစ်ပါသည်။

(၂၉.၃.၂၀၂၀)မှစ၍ ယနေ့ထိတရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ တရုတ်နိုင်ငံ(ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကားဒရိုင်ဘာများကို ဝင်ခွင့်မပြုဘဲ တရုတ်ဖက်မှ ရွေးချယ်ထားသော ယာဉ်မောင်းများဖြင့်သာ အဝင်အထွက်ပြုလုပ်နေရသည်မှာလည်း (၂၀.၄.၂၀၂၀)နေ့မှစ၍ ယနေ့အထိဖြစ်သည်။

တရုတ်ဝင်ပေါက် ကျင်ဆန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင်မြန်မာစံတော်ချိန်  ည(၈း၃၀)အထိ  ခွင့်ပြုပေးထားရာမှ  ဇွန်လ(၂)ရက်နေ့မှစ၍ ညနေ(၄း၃၀)သို့  ပြောင်းလဲသတ်မှတ်မှုရှိခဲ့သော်လည်း ယခုရက်ပိုင်းကျင်ဆန်းကျော့လမ်းတွင် ဆန်၊ ပဲပြောင်း၊ ကြက်သွန်၊ ရော်ဘာ၊ ကုန်စုံနှင့် ခါလီအဝင်ကားများနှင့် ကြပ်တည်းနေမှုအား  သစ်သီးဝလံကုန်စည်ဒိုင်မှ လူအားဖြင့်ဝိုင်းဝန်းကာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကြောင့် သစ်သီး၊  ရေထွက်နှင့် ကြက်သွန်ကားတန်းတစ်ခုရရှိခဲ့ပြီး သစ်သီးကားများ တစ်ရက်လျင် ကားစီးရေ၁၀ဝ ခန့်တင်ပို့၍ရနိုင်ပြီဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ  သတင်းရရှိပါသည်။

 နေမျိုးထိုက်ကျော်(မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)