Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သောင်းခြောက်ထောင်ကျော် တင်ပို့

Fri, 12/18/2020 - 13:45 -- journal_editor

ဒီဇင်ဘာလ ၅ ရက်မှဒီဇင်ဘာလ ၁၁ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၅၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၂၉၀၀ကျော်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် မြန်မာ- တရုတ်နယ်စပ်များဖြစ်သော မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၈၈၅၀ နီးပါး၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၄၈၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှဆန်တန်ချိန် ၁၄၁၀ ခန့်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၅  ခန့်နှင့်တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀၀ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၉၀၀ကျော်လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။ နိုဝင်ဘာ လဆန်းမှဒီဇင်ဘာလ၄ရက်ထိ နယ်စပ် စခန်း များမှဆန်တန်ချိန်၉၂၀၀၀ ကျော် တန်ဖိုးအားဖြင့်အမေရိကန် ဒေါ်လာ၃၅ဒသမ ၅၂၈သန်းတင်ပို့နိုင်ခဲ့ပါသည်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၉၂ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၇၅၀ ခန့်တင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၁၀၀၀၀ ကျော်နှင့် ချင်း​ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၁၀၀ နီးပါး စုစုပေါင်းဆန်ကွဲတန်ချိန်၁၀၁၀၀ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၆၂၅ သန်းတင်ပို့ နိုင်ခဲ့ပါသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၄၀၀၀ကျော် ပိုမို ခဲ့ပါသည်။ နိုဝင်ဘာလဆန်းမှ ဒီဇင်ဘာလ ၄  ရက်ထိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်ကွဲ တန်ချိန် ၂၉၀၀၀ ကျော် တန်ဖိုး အားဖြင့်အမေရိကန်ဒေါ်လာ၁၀ ဒသမ ၁၄၄ သန်းတင် ပို့နိုင်ခဲ့ပါသည်။

ဒီဇင်ဘာလ ၆ ရက်မှ  ၁၂  ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၁၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၁၆၀၀ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ဆန်တန်ချိန် ၂၈၂၀၀ကျော် နှင့် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၃၄၀၀ ကျော်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၄၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ နိုဝင်ဘာလဆန်းမှဒီဇင်ဘာလဆန်းထိ ပင်လယ်ရေကြောင်းမှဆန်တန်ချိန်၁၀၈၇၀၀ကျော်၊တန်ဖိုးအမေရိကန်ဒေါ်လာ ၄၄ ဒသမ ၀၄၉ သန်းတင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၇၅၈၀ ခန့်နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၂၇၀ ခန့် စုစုပေါင်းတန်ချိန် ၁၁၈၅၀ ကျော်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၇ သန်းသာတင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၂၄၀၀ ကျော်ပိုမိုခဲ့ပါသည်။ နိုဝင်ဘာလဆန်းမှဒီဇင်ဘာလဆန်းထိ ပင်လယ်ရေကြောင်းမှဆန်ကွဲတန်ချိန် ၈၃၆၉၀ခန့် တန်ဖိုးအမေရိ ကန်ဒေါ်လာ၂၇ ဒသမ ၁၆၈ သန်းတင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၆၆၄၅၀ ကျော်ရှိသဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်တန်ချိန် ၁၇၄၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။

အေးအေးသန့်