Main menu

Background

မွန်ပြည်နယ် ရော်ဘာဈေးနှုန်းဈေးကွက်

Wed, 10/19/2022 - 10:48 -- journal_editor

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့်အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ရော်ဘာဈေးနှုန်းမှာယခင်နှစ်အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ်၁၂၀ဝခန့် ဈေးနှုန်းရရှိခဲ့ပြီး ယခုအောက်တိုဘာ ဒုတိယပတ် တွင် RSS-3 တစ်ပေါင်လျှင် ကျပ်၁၄၅၀ပေါက်ဈေးဖြစ်ပေါ်နေသည်။ ယခင်တစ်ပတ်ဈေးနှုန်းRSS-3 တစ်ပေါင်လျှင် ကျပ် ၁၁၂၀ နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကRSS-3 တစ်ပေါင်လျှင် ၃၅၀ ကျပ်ခန့် ဈေးနှုန်းတက်ပြီး ယခင်နှစ် အလားတူကာလ RSS-3  တစ်ပေါင်လျှင် ၁၀၈၀ကျပ် နှင့်နှိုင်းယှဉ်ပါက  ယခင်နှစ်ဈေးနှုန်းထက်RSS-3  တစ်ပေါင်လျှင်၃၇၀ ကျပ်ခန့် ဈေးနှုန်းတက်လာကြောင်း သိရှိရသည်။
အောင်မြင့်မြတ် (မွန်)