Main menu

Background

မော်လမြိုင်ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 12/13/2022 - 11:16 -- journal_editor

မော်လမြိုင်မြို့၌  ဒီဇင်ဘာလပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၃၀ဝ၊ ဆင် (ထိုင်း) ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၁၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်တစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅:၁၅:၁၅ 50 kg  ပါ တစ်အိတ် ကျပ်၁၇၀ဝ၀ဝ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50 kg  ပါ တစ်အိတ် ကျပ် ၁၇၅၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50 kg  ပါတစ်အိတ် ကျပ် ၁၆၈၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ(MPE) 50 kg  ပါ တစ်အိတ် ကျပ် ၇၅၀ဝ၀၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) 50 kg  ပါ တစ်အိတ် ကျပ် ၁၃၈၀ဝ၀ ရှိခဲ့သည်။
ဒီဇင်ဘာလပထမပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်)  ၁၅:၁၅:၁၅ 50 kgပါတစ်အိတ်ကျပ် ၁၆၈၀ဝ၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50 kgပါတစ်အိတ် ကျပ် ၁၇၃၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50 kgပါတစ်အိတ် ကျပ် ၁၅၉၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ(MPE)50 kgပါ တစ်အိတ် ကျပ် ၈၀ဝ၀ဝ၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50 kgပါတစ်အိတ် ကျပ် ၁၂၅၀ဝ၀ ပိုးသတ်ဆေး အမျိုးအစား ဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100ccပါ တစ်ပုလင်း ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500ccပါ တစ်ပုလင်း ကျပ် ၁၃၈၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၀၈၀၊  RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ရှိခဲ့ပြီး ယခု ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်ထိဈေးနှုန်းမှာRSS-3 တစ်ပေါင် လျှင် ကျပ် ၁၁၃၀၊  RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၅၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။ 
မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50 kg)ပါတစ်ထုပ်လျှင် ၁၅၀ဝ  ကျပ်၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ ( 50 kg) ပါ တစ်ထုပ်လျှင် ကျပ်၂၅၀ဝ၊ ရော်ဘာတစ်တန် လျှင် ကျပ် ၅၀ဝ၀ဝ ဖြင့်   သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။ 
အောင်မြင့်မြတ် (မွန်)