Main menu

Background

ပြည်ခရိုင် မိုးစပါးဈေးနှုန်းဈေးကွက် အခြေအနေ

Tue, 12/13/2022 - 12:15 -- journal_editor

ပြည်ခရိုင်တွင် မိုးစပါးစိုက်ဧကမှာ ၂၂၆၄၉၆ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၄ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ ဧက စိုက်ပျိုးပြီးဖြစ်သည်။  စိုက်ပျိုးသော စပါး မျိုးများမှာ အင်းလယ်၊ ဆင်းသွယ်လတ်၊ မနောသုခ၊ ကျော်ဇေယျ၊ ဧရာမင်း၊ မှော်ဘီ၊ အင်းမရဲဘော်နှင့် ထိုင်းနှံကောက် စပါးမျိုးများဖြစ်သည်။ ယခုအချိန်တွင် ဧက ငါးသောင်းကျော် ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့် ပျမ်းမျှ တင်း ၇၀ ခန့်ထွက်သည်ဟု သိရသည်။
တစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က သုံးသိန်းကျော်သာ ကုန်ကျပြီး ယခုနှစ်တွင် ကျပ် ငါးသိန်းခန့် ကုန်ကျကြောင်းသိရသည်။ ယခုနှစ်တွင် ကုန်ကျစရိတ်များခြင်းမှာ သွင်းအားစုဈေးနှုန်းများ မြင့်တက်လာသော ကြောင့်ဖြစ်သည်။ တစ်ဧကအထွက် တင်း ၇၀ ထွက်ရှိမည်ဆို ပါက စပါးစိုက်တောင်သူများအနေဖြင့် တစ်ဧကအသားတင် အကျိုးအမြတ်မှာ  ၂၇၀ဝ၀ဝ ကျပ်ခန့်ရရှိသည်။  စပါးဈေးမှာ စတင်ထွက်ပေါ်စအချိန်တွင် ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၀ သိန်းရှိပြီး ယခုလတွင် စပါးအမျိုးအစား အရည်အသွေးကို လိုက်၍ ကျပ် ၁၂ သိန်းအထိ  ဈေးကောင်းရလျက်ရှိသည်။ ဆန်သစ် ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၄၁၀ဝ၀  မှ ၄၃၀ဝ၀ ဖြင့်  အရောင်းအဝယ်ရှိပြီး ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၃၄၀ဝ၀-၃၆၀ဝ၀  နှင့်  ဖွဲနုတစ်ပေါင်လျှင် ကျပ် ၃၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဆန်ဈေးကွက်အနေဖြင့် အခြား တိုင်းဒေသကြီးနှင့် ဒေသအတွင်းသာ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
လွင်လွင်ဆန်း (ပြည်)