Main menu

Background

မြန်မာ့ချုပ်ထည်များကိုMade In Myanmar အဖြစ် ဥရောပဈေးကွက် တင်ပို့နိုင်ရန် အဆင့်မြှင့်တင်နေ

Tue, 05/23/2023 - 14:02 -- journal_editor

မြန်မာနိုင်ငံ    အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်အထည် များကိုMade In Myanmar ထုတ်ကုန်အဖြစ်   ဥရောပဈေး ကွက်သို့ တင်ပို့နိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းအတွက် လက်ရှိတွင် မြန်မာ့အထည်ချုပ်ကဏ္ဍ အနေဖြင့် ဥရောပဈေးကွက်၌  နိုင်ငံတကာဝယ်လက်အဖြစ် Platform တစ်ခုကို ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။
အထည်ချုပ်ကဏ္ဍသည် နိုင်ငံတော်၏ ပြည်ပကုန်သွယ် မှုတွင် နိုင်ငံခြားဝင်ငွေရရှိရေးကို များစွာအထောက်အကူပြု နေသည့်Platform အဖြစ် တည်ရှိနေခြင်းဖြစ်သည်။ လက်ရှိ မြန်မာ့အထည်ချုပ်လုပ်ငန်းများ၏CMP လက် ခစားချုပ်ပြီး အထည်များမှာ တရုတ်နှင့် ထိုင်းနိုင်ငံသာမက ဥရောပဈေးကွက်ကိုလည်း အခိုင်အမာ  ရရှိထားပြီးဖြစ်သည့် အတွက် အဆိုပါဈေးကွက်များတွင် မြန်မာ့ချုပ်ထည်များကို ြေိန ငည ပြညောမေ ထုတ်ကုန်အဖြစ် နေရာတစ်နေရာ အခိုင် အမာရရှိရန် ဆက်လက် ကြိုးပမ်းနေခြင်းကြောင်း သိရသည်။
ထိုသို့ ပြည်တွင်းထုတ်ကုန်အဖြစ် အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းမှုနှင့်အတူ နိုင်ငံတကာ Brands များ၏ အမှာစာများ ကိုလည်း   ဆက်လက်ချုပ်လုပ်နိုင်ရန်အတွက် ဥရောသမဂ္ဂ (Europe Union) အောက်ရှိ နိုင်ငံတကာမိတ်ဖက်များနှင့် လည်း အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းများသည် လုပ်သားများနှင့် ၎င်းတို့ မိသားစုဝင်များ၏  စားဝတ်နေရေးအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိနေခြင်းဖြစ်သည်။
ပြည်တွင်း၌    အထည်ချုပ်လုပ်ငန်းများကို မှီခိုလုပ်ကိုင် နေရသည့် လုပ်သားပေါင်း  သိန်းချီရှိနေပြီး ယခုကဲ့သို့ မြန်မာ့ ထုတ်ကုန်အဆင့်မြှင့်တင်     ဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အရည်အချင်းပြည့်မီသည့်  လုပ်သားများစွာ ပေါ်ထွက်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စ ဧပြီလအတွင်း၌ပင် မြန်မာနိုင်ငံအနေနှင့် CMP လက်ခစား   ချုပ်ပြီးအထည်များ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ    ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၈၄ သန်းအထိ ရရှိထားပြီး ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် CMP ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ လေးပုံ တစ်ပုံခန့် ရရှိထားကြောင်း သိရသည်။