Main menu

Background

မြန်မာ့စိန်တလုံး သရက်သီးများ စင်ကာပူသို့ ရောက်ရှိ

Mon, 06/05/2023 - 11:57 -- journal_editor

ကျောက်ဆည်ခရိုင်  စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှု မှသည် ဈေးကွက်တင်ပို့ရောင်းချမှု အခြေအနေများအား သိရှိ နိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ် ပလိပ်ရှိ သဇင်နွယ် သရက် ခြံ၌ ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းသန်းဆွေနှင့်တွေ့ဆုံ၍ သရက်သီး များ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းခဲ့ သည်။ 
မေးမြန်းမှုအရ သဇင်နွယ် သရက်ခြံမှာ ၂၂ ဧကရှိပြီး စိန်တလုံး ၃၈၄ ပင်၊ ရွှေဟင်္သာ ၆၅ ပင်၊ ဦးမေရိယ ၁၉၁ ပင်၊ ရင်ကွဲ ၁၇ ပင်၊ အကြမ်း ၉၇ ပင် စိုက်ပျိုးထားကြောင်း၊ ၎င်း ခြံမှထွက်ရှိသော   သရက်သီးများအပြင်   ဒေသထွက် စိန် တစ်လုံး သရက်သီးများအား စင်ကာပူနိုင်ငံသို့ ပင်လယ်ရေ ကြောင်းမှ ကွန်တိန်နာများဖြင့် မေ ၄ ရက်မှစပြီး တင်ပို့လျက် ရှိရာ ယနေ့အချိန်အထိ ကွန်တိန်နာငါးစီး ပေးပို့ပြီးဖြစ်ကြောင်း၊ ကွန်တိန်နာတစ်စီးလျှင် ၇-၈ တန်အထိ ဝင်ဆံ့ပြီး  စိန်တလုံး သရက် တန် ၄၀ ခန့် စင်ကာပူသို့ ပေးပို့ပြီးဖြစ်ကြောင်း၊ ယခု သရက်သီးရာသီတွင် ဇွန်လလယ်အထိ တန် ၁၀ဝ ခန့် ပေးပို့ ရန် ရည်မှန်းထားကြောင်း၊ နိုင်ငံခြားသို့ပို့ရန်အတွက် သရက် တောင်သူများထံမှ စိန်တလုံးသရက်အား ၂၅၀ဂရမ်-၃၀ဝ ဂရမ်အရွယ်အစား တစ်တန်လျှင် ကျပ် ၁၂၅၀ဝ၀ဝ ပေးရ ကြောင်း၊ စင်ကာပူသို့တင်ပို့ရာ၌ သရက်သီး အကြီး/အသေး များအား ဘားကုဒ်များဖြင့်  ဖော်ပြပြီး တင်ပို့ရကြောင်း၊ သဇင် နွယ် သရက်ခြံမှ  စင်ကာပူသို့  စိန်တလုံး သရက်သီးများအား တင်ပို့ရာ၌ ယခုနှစ်နှင့်ဆိုလျှင် လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ သရက်သီးများ နိုင်ငံခြားသို့တင်ပို့မှုအပြင် ၎င်းခြံထဲ၌ ပြည့်ပြည့် အမည်ဖြင့် စားသောက်ကုန်လုပ်ငန်းအား ထူထောင်ထားပြီး နိုင်ငံခြားသို့ပို့၍မရသည့်  စိန်တလုံးသရက်  ပယ်သီးများအား  တစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ၀ ဖြင့်ပေးဝယ်ပြီး သရက်သီးများ အား ဠေူကန ဗိနိ ပြုလုပ်၍ သရက်ပျဉ်၊ သရက်ခြောက်၊ အေးခဲသရက်သီး(အနှစ်)များကို ထုတ်လုပ်လျက်ရှိပြီး ထွက်ရှိ လာသည့် ကုန်ချောများအား ပြည်တွင်းဈေးကွက်ထဲသို့ ဖြန့်ချိ လျက်ရှိရာ သရက်ပျဉ်တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ သရက သီး (အနှစ်)၁ါု တစ်ထုပ်လျှင် ကျပ် ၆၀ဝ၀၊ သရက်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ရရှိကြောင်း သိရှိရသည်။ 

ဇော်မင်းလတ်