Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ရော်ဘာဈေးကွက်

Mon, 06/05/2023 - 14:06 -- journal_editor

မော်လမြိုင်မြို့၌ ဇွန်လပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိနေပြီး   ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရ သည်။ ဈေးကွက်ထဲအရောင်းအဝယ်  ပုံမှန်ဖြစ်နေသောဈေးမှာ  ယခု အပတ်တွင် ကြံ့နှစ်ကောင်(အနီ)  ကျပ် ၁၂၀ဝ၀၊ ဆင် (ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၁၂၀ဝဖြင့်  အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေကာ  ဈေးနှုန်းအနည်းငယ် မြင့်တက်လာ ကြောင်း သိရှိရသည်။ 
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ  ယခင်အပတ်တွင် ကွန် ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ ၅၀ါု ပါ တစ်အိတ် ကျပ် ၁၂၄၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ ၅၀ါု  ပါ တစ်အိတ်မှာ ကျပ် ၁၃၅၀ဝ၀၊ ကွန်ပေါင်း Thai Grow How) ၁၅း၁၅း၁၅ 50 kg  ပါ တစ် အိတ် ကျပ် ၁၃၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ(MPE) 50kg  ပါ တစ်အိတ် ကျပ် ၇၅၀ဝ၀၊ ပုလဲ (အကြီး) ၄၆%ထိုင်း(မြင်းပျံ)50kg ပါ တစ်အိတ် ကျပ် ၈၃၀ဝ၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ် ကျပ် ၁၂၃၀ဝ၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100CC တစ်ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင် ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500CC ပါ တစ်ပုလင်း ကျပ် ၁၃၈၀ဝ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း(မြန်မာ့သြဘာရွှေကောမက်)၁၅း၁၅း၁၅ 50KG တစ်အိတ် ကျပ် ၁၂၅၀ဝ၀၊ ကွန်ပေါင်း၂၀း၁၂း၁၂ 50Kg  ပါ တစ်အိတ်ကျပ် ၁၃၈၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50Kg ပါ တစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ ပုလဲ(အသေး)  ၄၆% မြန်မာ (MPE)50Kg တစ်အိတ် ကျပ် ၇၅၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50Kg  တစ်အိတ် ကျပ် ၈၃၀ဝ၀၊ ပိုတက် (အာမို) 50Kg ပါ တစ်အိတ် ကျပ်၁၂၃၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာ မြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100CC ပါ တစ်ပုလင်း  ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ  ၁၀% (သီးရွက်စုံ)500CC  တစ်ပုလင်း ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ     ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ်  အရောင်းအဝယ်ပုံမှန်ရှိနေသည်။   ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၁၀၈၀၊RSS-5 တစ် ပေါင်လျှင် ကျပ် ၁၁၀ဝ ခဲ့ပြီး ယခုဇွန် ၁ ရက် မှ ၅ ရက်အထိဈေးနှုန်းမှာ ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၁၄၀ဝ ၊RSS-5 တစ်ပေါင်လျှင် ကျပ် ၁၃၀ဝ ပေါက်ဈေးရှိနေကြောင်းသိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန် မြို့သို့သယ်ယူခနှုန်းထားမှာ ၅၀ ါု ပါ  တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင် မြို့မှ မန္တလေးမြို့သို့ ၅၀ ါု ပါ တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ ၊  ရော်ဘာ တစ်တန်လျှင် ကျပ်  ၅၀ဝ၀ဝဖြင့်  သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။ 

အောင်မြင့်မြတ်
(မွန်)