Main menu

Background

မြန်မာ့မျှစ်ခြောက်များကို ဂျပန်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိ

Mon, 07/31/2023 - 13:10 -- journal_editor

မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် မျှစ်ခြောက်များကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဂျပန်နိုင်ငံသို့  အဓိကတင်ပို့ လျက်ရှိကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းရှင် အစုအဖွဲ့မှ သိရသည်။  ပြည်တွင်းမှ ထွက်ရှိသည့်  မျှစ်ခြောက်များကို ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူမှု ရှိနေပြီး ဂျပန်နိုင်ငံက အရည်အသွေးနှင့်အရသာကို   ပိုမိုကြိုက်နှစ် သက်မှုရှိကြောင်း မျှစ်လုပ်ငန်းရှင်အစုအဖွဲ့မှ   တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၇ ရက်တွင် ပြောသည်။
"ဒီမျှစ်ခြောက်က အာဟာရပြည့်ဝပြီး အနံ့အသက်ကင်းသလို တာရှည်လည်း ခံတဲ့အတွက် ပြည်ပဝယ်လိုအားရှိသလို    ပြည်တွင်း စားသုံးမှုလည်း များပါတယ်။ လက်ရှိမှာ   ပြည်ပဈေးကွက်အနေနဲ့ ပြည်ပနိုင်ငံ လေးနိုင်ငံကို တင်ပို့နေတာဖြစ်ပေမယ့် ဂျပန်နိုင်ငံက ပိုပြီး ကြိုက်နှစ်သက်မှုရှိကြတယ်"ဟု ၎င်းက ပြောသည်။
မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံမှ သက်ကြီးရွယ်အိုများက  ပိုမို ကြိုက်နှစ်သက်ကြသည့်အပြင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နှင့် ထိုင်းနိုင်ငံသားတို့ကလည်း ဝယ်ယူမှုရှိသည်ဟု ဆိုသည်။
ပြည်ပအမှာများကို လက်ရှိတွင် နေပြည်တော်ရှိ မျှစ်ခြောက် စက်ရုံတစ်ခုမှ အရည်အသွေးမြင့်နည်းပညာဖြင့် လေးပေမှ ခြောက်ပေ ခန့် မျှစ်ခြောက်ကွင်းများပြုလုပ်ပြီး တင်ပို့နေခြင်းဖြစ်ကြောင်း  ၎င်းက ပြောသည်။  လက်ရှိ၌ မြန်မာ့မျှစ်ခြောက်ကို ပြည်ပသို့ တင်ပို့ရာတွင် ဝယ်လို အားကောင်းသော်လည်း ပြည်တွင်း၌ သဘာဝမျှစ်အစို ဝယ်ယူ စုဆောင်းရန် အခက်အခဲများရှိနေကြောင်း ၎င်းက ပြောသည်။
"ဂျပန်ဘက်က တစ်နှစ်ကို တန်ချိန် ၂၀ဝ လောက် အမှာရပေ မယ့် မပို့နိုင်ဘူး။ မျှစ်ချိုးတဲ့ကာလ တိုတောင်းတဲ့အပြင် သီးသန့်စိုက်ခင်း မရှိဘဲ သဘာဝအလျောက် ဝါးတောတွေကို မှီခိုနေရပြီး မျှစ်ချိုးရတာ ကြောင့် လိုသလောက် မတင်ပို့နိုင်တာဖြစ်ပါတယ်။ မြန်မာတွေက မျှစ် ကို မိရိုးဖလာနည်းအတိုင်း ချိုးကြတာများတယ်။ သဘာဝအလျောက် ပေါက်တဲ့ ဝါးတောမှာ   ဦးသူစနစ်နဲ့ချိုးကြတယ်။ နည်းပညာ စိုက်ခင်း အဆင့်အနေနဲ့ မလုပ်နိုင်ကြသေးဘူး။ ပြန်လည်ထိန်းသိမ်းတဲ့အပိုင်း တွေလည်း အားနည်းတော့ တစ်နှစ်ထက်တစ်နှစ်  မျှစ်ရရှိမှုကလည်း နည်းလာတယ်"ဟု ၎င်းကပြောသည်။
အဆိုပါ မျှစ်ခြောက်ဈေးကွက်မှာ မြန်မာနိုင်ငံအတွက် အလား အလာကောင်းများ ရှိနေသည့်အတွက် လက်ရှိတွင် မဲခေါင်-လန်ချန်း စီမံကိန်းအရ ဝါးတောများ ပျိုးထောင်ရန် လုပ်ဆောင်နေကြောင်း သိရ သည်။ မျှစ်လုပ်ငန်းကို နေပြည်တော်အတွင်းရှိ မြို့နယ်များ၌ အဓိက ထားလုပ်ကိုင်ကြပြီး မျှစ်များကို အချဉ်ခံကာ ပါကင်ထုပ်ပိုးသည့်စနစ်ဖြင့် လက်လီလက်ကား ဖြန့်ချိလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း လက်ရှိ၌  မျှစ်ခြောက် ၂၅ ကျပ်သား ၅၀ဝ၀ ကျပ်၊ ၅၀ သား ၈၅၀ဝ ကျပ်၊ တစ်ပိဿာလျှင် ၁၆၀ဝ၀ ကျပ်အထိ ဈေး ရရှိနေပြီး မျှစ်ချဉ် တစ်ပိဿာ ၄၅၀ဝ ကျပ်၊ မျှစ်ချို တစ်ပိဿာ ၄၇၀ဝ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်းသိရသည်။  ပျဉ်းမနားမြို့နယ်ရှိ လိလိမ်၊ လွှဲကြီး၊ ရေပြောင်းပြန်၊ ဂမုန်းတောင်၊ မြေမြိုတောင်၊ စောင် တောင်ကြီး၊ မဲပေါက်၊ ပင်ရဲဆို စသည့်ဒေသများသည်  ဝါးတောများ ပေါများသော နေရာများဖြစ်ပြီး မျှစ်အများဆုံး ထွက်ရှိရာဒေသလည်း များလည်းဖြစ်ကြောင်း သိရသည်။

ပန်းဆု