Main menu

Background

ကန့်ဘလူခရိုင်အတွင်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

Tue, 11/07/2023 - 13:28 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၊    ကန့်ဘလူခရိုင် သည် စိုက်ပျိုးရေးလုပ်ငန်းများကို   အဓိက အား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။  သီးနှံ စိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေ ရေးအတွက် စိုက်ပျိုးရေးသုံး    ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို   စိုက်ပျိုးသူ  တောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူ တောင် သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေသြဇာနှင့်     ပိုးသတ်ဆေးများ၏ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့ သော ဈေးနှုန်းများမှာ  ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၅၅၀ဝ)ကျပ်၊ မြားကမ္ဘာ(50)kg တစ်အိတ်လျှင် ကျပ် ၇၇၀ဝ၀၊ ကွန်ပေါင်း(10:10:5) (50)kg တစ် အိတ်လျှင် ကျပ် ၇၇၀ဝ၀ ၊  ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်   ကျပ် ၁၆၀ဝ၀ဝ ၊ ပိုတက် (50)kg  တစ်အိတ်လျှင်  ကျပ် ၁၄၀ဝ၀ဝ  နှင့် ရွှေ တောနစ် (၅၀ဝ)စီစီ တစ်ဘူးလျှင်  ကျပ် ၁၁၀ဝ၀ ၊ မိုရယ်လ်မုန်း (၅၀ဝ)စီစီ တစ်ဘူးလျှင်  ကျပ်၂၅၀ဝ၀၊ ဟတ်ကာ(၅၀ဝ)စီစီ တစ်ဘူးလျှင်  ကျပ် ၂၄၅၀ဝ ၊AP  ဇာပြာ (၅၀ဝ)စီစီ တစ်ဘူးလျှင်  ကျပ် ၂၁၀ဝ၀ ဖြင့် ရောင်းချလျက်ရှိကြောင်း    စိုက်ပျိုးရေးသုံး ဆေးနှင့် ဆေးပစ္စည်းရောင်းချသည့်  လုပ်ငန်းရှင် ထံမှ သတင်းရရှိပါသည်။

 

ဝင်းသန်း(ကျွန်းလှ)