Main menu

Background

တောင်ငူမြို့တွင် ပေါ်ဆန်းဈေးကျပြီး ဧည့်မထနှင့်ဆန်ကွဲ ဈေးအနည်းငယ်တက်

Mon, 11/20/2023 - 10:35 -- journal_editor

တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ဒေသပေါ်ဆန်း တစ်အိတ် လျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် ဈေးနှုန်းကျဆင်းပြီး ဧည့်မထဆန်သစ်မှာ  တစ် အိတ်လျှင် ကျပ် ၆၀ဝ၀ဝ မှ ၆၃၀ဝ၀ အထိ ဈေးနှုန်းရှိသည်။
စပါးအသစ်မှာ တင်း ၁၀ဝ လျှင် ကျပ် ၁၇၅၀ဝ၀ဝ ဖြင့် ဈေးနှုန်း အနည်းငယ်တက်သည်။ ဆန်ကွဲကြီးမှာ ယခင်တစ်ပတ်က  တစ်အိတ် လျှင် ကျပ် ၄၂၀ဝ၀ ရှိရာမှ ယခုတစ်ပတ်တွင် တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀၊   ဆန်ကွဲသေးမှာ ယခင်တစ်ပတ်က တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် တစ်အိတ်လျှင် ကျပ်  ၄၁၀ဝ၀ ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပြီး ဖွဲနုမှာ ယခင်တစ်ပတ်က တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀  ရှိရာမှ ယခုတစ်ပတ်တွင် တစ်အိတ်လျှင် ကျပ်  ၂၂၀ဝ၀ ဖြင့်  ဈေးနှုန်း အနည်းငယ်ကျဆင်းသည်။
မတ်ပဲ(အိတ် ၃၀ ပိဿာ)မှာ ယခင်တစ်ပတ်က တစ်အိတ်လျှင် ကျပ် ၁၄၁၅၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ ဖြင့် ဈေးနှုန်းအနည်းကျဆင်းကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံ များမှ သိရသည်။                                                  

 

နေစိုးထက် (တောင်ငူ)