Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 11/20/2023 - 11:15 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် နိုဝင်ဘာ  ၁၃ ရက် Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း  ၁၂၅ နိုင်ငံအနက် ဖင်လန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီးLatvia  နိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်း၊ ဟန်ဂေရီနိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင် နှုန်းနှင့် ပိုလန်နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိကြောင်း သိရသည်။
မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ဟောင်ကောင်၊ နီပေါ၊ အာဂျင်တီးနား၊ ဘာဘေဒို၊ ဘူလ်တန်၊ အီဂျစ်၊ ကင်ညာ၊ လက်ဘနွန်နှင့် မိုနာကို စသည့် နိုင်ငံများအပါအဝင် နိုင်ငံ ပေါင်း ၇၅ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲ ခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း ယင်းဝက်ဘ်ဆိုဒ်၌ တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်းကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ကမ္ဘော ဒီးယား၊ ထိုင်း၊ ဘရာဇီး၊ ကနေဒါ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ သြစတြေးလျနှင့် နယ်သာလန် အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
အာဆီယံနိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင် နှုန်းနှင့် စင်ကာပူနိုင်ငံတွင် ၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး  ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၃ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း သိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် လူဇင်ဘတ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၅ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဆီးရီး ယားနိုင်ငံတွင် ၅ ဒသမ ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် မက်ဆီဒိုးနီးယားနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိကြောင်း  သိရသည်။
ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေး ရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ဂွါတီမာလာ၊ မက္ကဆီကို၊ ပီရူး၊ တောင်အာဖရိကနှင့် ဆူဒန် စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဒီဇယ်ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် က‌မ္ဘော ဒီးယား၊ ဘရာဇီး၊ ရုရှား၊ နယ်သာလန်၊ အန်ဒိုရာ၊ ဘူလ်ဂေးရီးယား၊ စပိန်၊ ဆွီဒင်နှင့် နော်ဝေအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိပြီး ယခင် တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ သည်။     ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ နိုဝင်ဘာ ၁၅ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ကျပ် ၂၁၃၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၂၂၅၀ ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၄၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၂၄၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၉၆၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၁၉၀၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၇၄၂ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၈ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၂၅၀၊ ဒီဇယ်တစ်လီတာလျှင် ၂၁၄၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၂၆၀၊ ဒီဇယ်တစ်လီတာလျှင် ၂၁၅၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်း များမှာ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၈၀  မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၀ ဈေးနှုန်း ကျဆင်းခဲ့ ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

P&S