Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Wed, 12/20/2023 - 11:30 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် ဂျပန်နိုင်ငံသည် ယခုတစ်ပတ်တွင် သုည ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း တွေ့ရှိရသည် Global Petrol Prices Website ၏ ယခုအပတ်အတွက် ဒီဇင်ဘာ ၁၁ ရက်ဖော်ပြချက်၌ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊အာဂျင်တီးနား၊ ခရိုအေးရှား၊ အီဂျစ်၊ အိုက်စလန်နှင့် နယ်သာလန်စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ယခင်အပတ်  ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဘရာဇီး၊ အန်ဒိုရာ၊ ဟန်ဂေရီ၊ပြငသ် စ၊် အတီ လ၊ီ ဂရ၊ိ ဒိန်း မတ၊် ဂျာမနနီ နှင့် ဖင်လန် အပါအဝင်နိုင်ငံပေါင်း ၃၇ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၂ရာခိုင်နှုန်းမှ ၈ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် လာအိုနိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်း နှင့် ကမ္ဘောဒီးယား နိုင်ငံတွင်  ၄ ရာခိုင်နှုန်း ဖြင့် ဈေးနနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း၁၂၃ နိုင်ငံအနက် ယခုတစ်ပတ်တွင် ဂျပန်နိုင်ငံသည် သုည ဒသမ၄ ရာခိုင်နှုန်းနှင့် ျြေေ့ော နိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်းဖြင့်ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း နှစ်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၏ ဖော်ပြချက်၌ ယခုတစ်ပတ်အတွင်း မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ဗီယက်နမ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဘယ်လ်ဂျီယံ၊ ဂျော်ဒန်၊ကင်ညာ၊ မိုနာကို၊ နော်ဝေ၊ ပီရူးနှင့် ပိုလန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၄ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်းပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် လာအို၊ကမ္ဘောဒီးယား၊ တရုတ်၊ အန်ဒိုရာ၊ မက္ကဆီကို၊ ခရိုအေးရှား၊ ဘရာဇီး၊ဖင်လန်၊ အီတလီ၊ ဒိန်းမတ်၊ ဂရိ၊ အိုင်ယာလန်နှင့် ဟန်ဂေရီ အပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုညဒသမ ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၃၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် လာအိုနိုင်ငံတွင် ၁ ဒသမ၈၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ 

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၅၇၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၂၇၀ အသီးသီး ဈေးနှုန်းများဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင်ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၀၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၂၉၀၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင်၃၀၅၄ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၇၀၄ ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၅၇၅ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၁၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၅၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၂၀ ဖြင့်အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃၀ ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်းလေ့လာသုံးသပ် တင်ပြအပ်ပါသည်။

P&S