Main menu

Background

ကော်ဖီစေ့သီးနှံ ဈေးကွက်အခြေအနေ

Mon, 01/15/2024 - 12:37 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသော ကော်ဖီသီးနှံ များကို ၂၀၂၃ ဒီဇင်ဘာလမှစ၍  စတင်ဆွတ်ခူးနေကြပြီဖြစ် သည်။ ကော်ဖီသီးနှံများကို များသောအားဖြင့်  ဖေဖော်ဝါရီ လတွင် စတင်စိုက်ပျိုးထောင်ကြပြီး  ဇွန်လနှင့် ဇူလိုင်လများ တွင် စိုက်ပျိုးကြသည်။ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကော်ဖီ သီးနှံများကို ကလော၊ ရွာငံ၊  ပင်းတယ၊  ပင်လောင်း၊  ဟိုပုံး တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ 
ဟိုပုံးနှင့်ရွာငံဒေသတို့တွင် ယခုနှစ်  ဒီဇင်ဘာလမှစ၍ ကော်ဖီအစိုစေ့များ    စတင်ထွက်ပေါ်နေပြီဖြစ်ပြီး   လက်ရှိ ပေါက်ဈေးအနေဖြင့် ဟိုပုံးမှ ထွက်ရှိသော   ကော်ဖီအစိုစေ့ တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ  မှ ၃၆၀ဝ၊  ရွာငံဒေသမှ  ထွက် ရှိသော ရိုးရိုးကော်ဖီ အစိုသီးမှာ တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ  ဖြစ်၍ အထူးတန်းသီးမှာ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀  ဖြစ်ပြီး ကော်ဖီအရည်အသွေးအပေါ်  မူတည်၍   ဈေးနှုန်းကွဲပြားမှု အနည်းငယ် ရှိ ကြောင်း သိရှိရသည်။ 
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်     အထွက်အများဆုံး ကော်ဖီမှာ အာရေးဗီးကား(Ariba)ကော်ဖီဖြစ်ကြောင်း သိရှိရ သည်။                                       

 

  အမွန်း(တောင်ကြီး)