Main menu

Background

ကြောင်လျှာစေ့နှင့် ဆီးသီးအစို/ အခြောက် ဈေးနှုန်းဈေးကွက်

Mon, 02/05/2024 - 11:57 -- journal_editor

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မြောက်ဘော၊ တောင်ဘော၊ မင်း တည်း၊ ပျဉ်ထောင်၊ ြွေမပွေး၊ ရွာသစ်၊ ကျောက်အိုင် စသည့် ကျေးရွာများမှ ထွက်ရှိသည့် ကြောင်လျှာစေ့ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ  စတုတ္ထပတ်တွင် ကြောင်လျှာဆံ တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ဈေးနှုန်းဖြင့်  ပိဿာ ၆၀ မှ ၈၀ အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဒုတိယ ပတ်ထက် ကျပ် ၃၀ဝ၀ အမြင့်ဈေးဖြင့်ဝယ်ယူရပြီး ကြောင် လျှာစေ့များကို အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်း ချကြောင်း သိရသည်။
ထို့အပြင် သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ဆီးသီး အစို/အခြောက်များလည်း လှိုင်လှိုင်ပေါ်ထွက်လျက် ရှိရာ ၂၀၂၄ ခုနှစ်၊  ဇန်နဝါရီလစတုတ္ထပတ်တွင် တစ်တင်း လျှင် ကျပ် ၁၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တတိယပတ်ထက် ကျပ်၁၅၀ဝအမြင့်ဈေးဖြင့် တစ်ရက်လျှင် အိတ်ရေ၂၅၀ မှ ၃၀ဝ၀န်းကျင်ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးများကို ဆီးသီးခွဲ စက်ဖြင့် ဆီးသီးမှ ဆီးဆန်ရရှိအောင် ကြိတ်ခွဲမည်ဖြစ် ကြောင်း၊ ဆီးဆန်တစ်တင်းလျှင် ကျပ် ၅၄၀ဝ၀ ရှိကြောင်း၊ ဆီးဆန်များရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့   တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။    

 

နွဲ့ယဉ်ဝင်း