Main menu

Background

မကွေးခရိုင်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း အခြေအနေ

Mon, 03/04/2024 - 10:14 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြက်သွန်နီသီးနှံတို့အား အများအပြားစိုက်ပျိုးကြပြီး သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများအား စိုက်ပျိုးသူတောင်သူများမှာ ဝယ်ယူသုံးစွဲလျက်ရှိသည်။ 
မကွေးခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ  ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာဈေးနှုန်းများမှာ အာမို(၁၅း၁၅း၁၅)(50 Kg) တစ်အိတ်လျှင် ကျပ် ၁၅၃၀ဝ၀၊ အာမို(၁၀း၁၀း၅)(50 Kg)တစ်အိတ်လျှင် ကျပ်၆၉၀ဝ၀၊ တက်တိုး(၁၅း၇း၈)(50 Kg) တစ်အိတ် လျှင် ကျပ်၇၄၀ဝ၀၊ ရွှေပုလဲ(မြင်းကျား)(50 kg) တစ်အိတ်လျှင် ကျပ်၅၀ဝ၀ဝ၊ ရွှေကောမတ် (50 Kg)တစ်အိတ်လျှင် ကျပ်၁၄၀ဝ၀ဝ၊ ကွန်ပေါင်း(၁၅း၁၅း၁၅)(50 Kg)တစ်အိတ်လျှင် ကျပ်၁၁၆၀ဝ၀၊ ယူရီး ယား(အလုံးသေး) (50 Kg) တစ်အိတ်လျှင် ကျပ် ၇၉၀ဝ၀နှင့် ကွန်ပေါင်းသီးစုံ (40 Kg)တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ ဖြစ်သည်။  စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဈေးနှုန်းများမှာ ပရိုမက်တင်(500CC)တစ်ဘူးလျှင် ကျပ်၂၁၀ဝ၀၊ ဆလက်ပက်(စ်)(၅၀ဝခခ)တစ်ဘူးလျှင် ကျပ်၂၅၀ဝ၀၊ အီရာပရိုသရင်500 CCတစ်ဘူးလျှင် ကျပ် ၂၄၀ဝ၀၊ ဖို(စ်)တင်း(၅၀၀ CC)တစ်ဘူးလျှင် ကျပ်၁၇၀ဝ၀၊ အဆီဖိတ်(25Kg)တစ်ထုပ်လျှင် ကျပ်၉၀ဝ၀၊ ဇိုင်ကလုံး(၂၅၀ခခ)တစ်ဘူးလျှင် ကျပ်၉၀ဝ၀၊ မက်ဆိုက်ပါ(၂၅၀ခခ)တစ်ဘူးလျှင် ကျပ် ၈၀ဝ၀၊ အာမို (အထူးအားဆေး) (50Kg)တစ်ဘူးလျှင် ကျပ် ၉၀ဝ၀ တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

  မျိုးဝင်း