Main menu

Background

သီဟိုဠ် အခွံခွာ အစေ့ထုတ် ရောင်းချခြင်းလုပ်ငန်းဖြင့် ဝင်ငွေရရှိနေ

Mon, 04/01/2024 - 11:38 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာရှိ သီဟိုဠ် အခွံခွာ အစေ့ထုတ်လုပ်ငန်းသည် ၂၀၁၈ ခုနှစ်မှစ၍  တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ဆောင်ခဲ့ကြောင်း၊  ဖေဖော်ဝါရီလမှ ဧပြီလအထိ သီဟိုဠ် စေ့ ထွက်ရှိချိန်တွင် သီဟိုဠ်ခြံများမှ သီဟိုဠ်စေ့ တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ မှ  ကျပ် ၅၀ဝ၀ ဖြင့် လာရောက်ရောင်းချကြကြောင်း သိရသည်။   သီဟိုဠ်စေ့ ပိဿာ  ၅၀ဝ ခန့်ကို အမျိုးသမီးလုပ်သား ၁၅ဦး၊ အမျိုးသား လုပ်သား ၁၅ ဦးဖြင့် နေလှန်းခြင်းကို  သုံးရက်တိုင်  ဆောင်ရွက်ခဲ့ပြီး နေလှန်း ပြီးပါက ရေနွေးဖြင့် ၁၀ နာရီကြာ ပြုတ်ရကြောင်း၊ ရေနွေးဖြင့် ပြုတ်ပြီးပါက နေလှန်းခြင်းကို သုံးရက်တိုင်တိုင်ထပ်မံပြုလုပ်ရကြောင်း၊ လုပ်အားခအနေ ဖြင့် တစ်ပိဿာလျှင် ကျပ် ၁၁၂၀ နှုန်းဖြင့် အမျိုးသမီးလုပ်သားတစ်ဦးလျှင် တစ်ရက်ကျပ် ၇၀ဝ၀ ခန့်ရရှိပြီး အမျိုးသား လုပ်သားတစ်ဦးလျှင် ကျပ် ၈၀ဝ၀ ခန့်ရရှိကြောင်း၊  အခွံခွာ၊ အမှေးပါးခွာ၍ရရှိသော အစေ့များကို ရန်ကုန်မြို့တွင်း နှင့် ဘုရင့် နောင်ပွဲရုံဈေးကွက်သို့ တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ၀ ဖြင့် မတ်လ စတုတ္ထပတ်အတွင်း လက်ကားရောင်းချလျက်ရှိကြောင်း သိရသည်။
  

 

 ဖြူဖြူမြင့် (ရန်ကုန်)