Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Mon, 06/03/2024 - 12:15 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ မေလစတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေ ပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်တွင် အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေး မှာ ယခုတစ်ပတ်တွင်  ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၃၀ဝ၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၂၀ဝ၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၁၁၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေး ဈေးနှုန်းမှာ အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ယခုတစ်ပတ်တွင်  ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) 15:15:15 50kg ပါ တစ်အိတ်လျှင်  ကျပ် ၁၃၅၀ဝ၀၊ ကွန်ပေါင်း 20:12:12 50kgပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ကွန်ပေါင်းThai Grow How 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg  ပါတစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ် ပုလင်းလျှင် ကျပ် ၃၁၀ဝ၊  မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ)500cc တစ်ပုလင်းလျှင် ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ 
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေ သည်။ ရော်ဘာဈေးနှုန်းမှာအဖွင့်ရာသီတွင်RSS -3 တစ်ပေါင်လျှင် ကျပ်  ၁၈၀ဝ၊RSS-5 တစ်ပေါင် လျှင် ကျပ် ၁၆၅၀  ရှိခဲ့ပြီး မေ ၃၀ ရက်မှ ဇွန် ၃ ရက်ထိဈေးနှုန်းမှာRSS -3 တစ်ပေါင်လျှင် ကျပ်  ၂၂၀ဝ၊RSS-5 တစ်ပေါင်လျှင် ကျပ် ၂၁၀ဝ  ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  တစ်ပေါင်လျှင် ကျပ် ၂၀ဝ၊ ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၈၃၀ ခန့် ဈေးနှုန်း တက်လာခဲ့သည်။ 
မေလ တတိယပတ်မှစ၍  မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးခြစ်ခြင်းကို ရပ်နားထားကြသည်။ မိုးမရွာသည့်နေ့များတွင် ရော်ဘာခြံရှင်အချို့မှာ အစေးခြစ်ခြင်းများကို လုပ်ဆောင်ကြကြောင်း သိရှိရသည်။ ရော်ဘာအထွက်နှုန်း လျော့နည်းသွား သဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်။ မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခ နှုန်းထားမှာ 50 kg  ပါတစ်ထုပ်လျှင် ကျပ် ၁၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၃၅၀ဝ၀၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ 50 kg  တစ်ထုပ်လျှင် ကျပ် ၃၀ဝ၀၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် သယ်ယူ ပို့ဆောင်ပေးရကြောင်း ကုန်သည်များထံမှ သိရှိရသည်။                                

 

အောင်မြင့်မြတ်(မွန်)